ပီလီနဲ့ မာရာဒိုနာလို ပါရမီရှင်တွေကို ပိုင်ဆိုင်ခဲ့တာကြောင့်လည်း ဒီနှစ်သင်းရဲ့ ကျော်ကြားမှုက ပိုပြီးအရှိန်မြင့်ခဲ့သလို၊ ပိုပြီးနှိုင်းယှဉ်ကြည့်ချင်စရာဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အခုတော့ မက်ဆီနဲ့ နေမာတို့ရဲ့ခေတ်ကို ရောက်လာပါတယ်။ တကယ်တော့ ဒီကစားသမားနှစ် ယောက်က တန်းညှိပြီးချိန်ထိုးရမယ့် အနေအထားတော့ မဟုတ်ပါဘူး။ မက်ဆီက အနားယူရမယ့်အချိန် နီးကပ်လာတဲ့သူဖြစ်ပြီး နေမာက ဖြတ်သန်းစရာ နှစ်ကာလများစွာ ကျန်ရှိနေသေးတဲ့သူပါ။ ဒါပေမဲ့ လတ်တလောကျော်ကြားမှုမှာ သူတို့နှစ်ဦးက အတောက်ပဆုံးဖြစ်နေတာကြောင့် နှိုင်းယှဉ်ရတဲ့အခြေအနေ ဖြစ်လာတာပါ။ လက်ရှိပြိုင်ပွဲမှာလည်း ဘရာဇီးလ်ကို နေမာက ဦးဆောင်နေပြီး အာဂျင်တီးနားကို မက်ဆီက ဦးဆောင်နေပါတယ်။ ဒီတော့ ဘရာဇီးလ်နဲ့ အာဂျင်တီးနားရဲ့ အားပြိုင်မှုဟာ သူတို့နှစ်ဦးရဲ့ အားပြိုင်မှုလည်း ဖြစ်နေပါတယ်။
ကြယ်နှစ်ပွင့် အလင်းချင်းပြိုင်မယ့်ပွဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။