'' ချာလေ၊ ဟိုကလေးကို ကြည့်ပါဦး၊ သိပ်ပြီး ထူးခြားတာပဲ'' ။ ဒီစကားကို ပြောလိုက်တာ ဘာစီ လိုနာနည်းစနစ်ဒါရိုက်တာဟောင်း ကားလက်စ်ရီ အက်ရှ်ပါပဲ။ ပါရာဂွေးနဲ့ အာဂျင်တီးနားနိုင်ငံတွေ ဆီ အလည်ပတ်ထွက်လာပြီးနောက် ကားလက်စ် နဲ့ ချာလေဟာ ဥရုဂွေးနိုင်ငံကို ရောက်လာခဲ့တယ်။ ဥရုဂွေးမှာ အာဂျင်တီးနားအေးဂျင့် ဂတ်ဂျီယိုလီနဲ့ ကားလက်စ်တို့ ဆုံတွေ့ခဲ့ပါတယ်။ ဂတ်ဂျီယိုလီက လူငယ်ကစားသမားတွေရဲ့ ပါရမီကို ဖတ်ရာမှာ သိပ်ပြီးထူးချွန်တယ်။ လူငယ်တွေရဲ့ အိပ်မက်အစ ကို မြင်အောင်ကြည့်နိုင်သူပါပဲ။ လူငယ်တွေရဲ့ နှ လုံးသားထဲ မြင်အောင်ကြည့်နိုင်သူပါပဲ။ သူက ကားလက်စ်ကို တောင်အမေရိကရဲ့ ပါရမီရှင်တ ချို့နဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး ခေါ် ခဲ့တာပါ။ ဟို ရောက်တော့ ကစားသမားလေးတစ်ဦးဟာ ကား လက်စ်ရဲ့ စိတ်ထဲစွဲနေတာပဲ။ ဒါနဲ့ပဲ ''ချာလေ၊ ဟို ကလေးကို ကြည့်ပါဦး၊ သိပ်ပြီးထူးခြားတာပဲ'' စိတ် လှုပ်ရှားစွာ ပြောလိုက်မိတာ။
ဂန္ထဝင်တစ်ဦးကိုရှာဖွေတွေ့ရှိခြင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။