ဘာစီလိုနာအသင်း၏ လစာပမာဏမလျှော့ချလျှင် မက်ဆီကို စာရင်းသွင်းခွင့်မပေးဟု လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ် သတိပေး

ဘာစီလိုနာအသင်း၏ လစာပမာဏမလျှော့ချလျှင် မက်ဆီကို စာရင်းသွင်းခွင့်မပေးဟု လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ် သတိပေး
Photo: Getty Images
Photo: Getty Images
Published 23 June 2021

 

လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က ဘာစီလိုနာအသင်းအနေဖြင့် အသင်း၏လစာပမာဏကို မလျှော့ချလျှင် အသင်းခေါင်းဆောင်ဖြစ်သူ မက်ဆီကို လာမည့် ၂၀၂၀-၂၁ လာလီဂါပြိုင်ပွဲရာသီအတွက် စာရင်းသွင်းခွင့်ပေးမည်မဟုတ်ဟု သတိပေးခဲ့သည်။ 

ဘာစီလိုနာအသင်းသည် ကပ်ရောဂါကြောင့် ကွင်းဝင်ကြေးဝင်ငွေများ လျော့ကျခဲ့ရသဖြင့် လက်ရှိတွင် ကြွေးမြီ ယူရို တစ်ဘီလျံအထိ တင်ရှိနေသည်။ ယခုလကုန်တွင် သက်တမ်း ကုန်ဆုံးမည့် မက်ဆီ၏လက်ရှိလေးနှစ်စာချုပ် မှာ  ယူရို ၅၅၅ သန်းတန်ဖိုးရှိပြီး တီဘက်စ်က ဘာစီလိုနာအနေဖြင့် အခြားကုန်ကျစရိတ် များ  မလျှော့ဘဲနှင့် မက်ဆီအပေါ်ယင်းပမာဏ နီးပါး ထပ်မံပေးချေ၍ရမည်မဟုတ်ဟု သတိပေးခဲ့သည်။ 

"ဘာစီလိုနာရဲ့လစာငွေပေးချေမှုက ဖြစ်သင့်တာထက် ပိုလွန်းနေပါတယ်။  သူတို့ မက်ဆီကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ တခြားကုန်ကျမှုတွေကို လျှော့ချရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ မက်ဆီအတွက်နဲ့ စည်းမျဉ်းတွေကို ပြောင်းလဲသွားမှာမဟုတ်ပါဘူး"ဟု တီဘက်စ်က ပြောကြားခဲ့သည်။

Most Read

Most Recent