ယူရိုနဲ့   နွမ်းလျသားကောင်

ယူရိုနဲ့   နွမ်းလျသားကောင်
Photo: Getty Images
Photo: Getty Images
Published 12 June 2021
AK

ကပ်ဘေးကာလအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုဟာ ပိုပြီးပြင်းထန်လာ တယ်။ ဘောလုံးနယ်ပယ်မှာတင်မကဘဲ နယ် ပယ်တိုင်းမှာသန်မာစွာရှင်သန်နိုင်ရေးဟာ သက် စောင့်ဓာတ်ပါပဲ။ အစီအစဉ်တကျမဖြစ်တော့တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအခင်းအကျင်း တွေကြားမှာ ယဉ်ကျေးမှုစံနှုန်းတွေလည်း သွေ ဖီလာတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကမ္ဘာ့နိုင်ငံများစွာ ကဏ္ဍစုံထိခိုက်နစ်နာခဲ့ပြီး ရုန်း ထွက်ခါစဥရောပနိုင်ငံတွေအတွက် ယူရို-၂၀၂၀ ဟာ ပျော်ရွှင်စရာဘောလုံးပွဲတွေဖြစ်လာနိုင်ပေမဲ့ အဲဒီနိုင်ငံတွေလည်း အလုံးစုံစိတ်ချနေတာမျိုး မဟုတ်ဘူး။ အမ်စတာဒမ်၊ ဘာကူ၊ ဘူခါရက်စ်၊ ဘူဒါပတ်စ်၊ ကိုပင်ဟေဂင်၊ ဂလပ်စဂို၊ လန်ဒန်၊ မြူးနစ်၊ ရောမ၊ စိန့်ပီတာ စဘတ်နဲ့ ဆီဗီးလ် မြို့တွေမှာ လှည့်လည်ကျင်းပမယ့် ယူရို-၂၀၂၀ ဟာ နွမ်းလျလျနွေရက်ထဲ  ထိပ်တန်းကစား သမားတွေအတွက် ပိုပြီးပင်ပန်းစေမယ့် အစီအ စဉ်မျိုးပါပဲ။ 

 

Most Read

Most Recent