ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းများမိတ်ဆက် - (၁၉)

ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အသင်းများမိတ်ဆက် - (၁၉)
Photos: Getty Images, Polska Twiiter & Reuters
Photos: Getty Images, Polska Twiiter & Reuters
Published 11 June 2021

ပိုလန်အသင်း၏ ယူရိုပြိုင်ပွဲမှတ်တမ်းများမှာ အထင်ကြီးစရာ မရှိပေ။ ပြိုင်ပွဲစတင်ကျင်းပသည့် ၁၉၆၀ ခုနှစ်မှ ယူရို-၂၀၀၄ ပြိုင်ပွဲအထိ ပြိုင်ပွဲ(၁၂)ကြိမ်ဆက် ခြေစစ်ပွဲမအောင်သည့်မှတ်တမ်းက ဆိုးရွားလွန်းပြီး ယူရိုပြိုင်ပွဲတွင် ၂၀၀၈၊ ၂၀၁၂ နှင့် ၂၀၁၆ ပြိုင်ပွဲ(၃)ကြိမ်သာ ယှဉ်ပြိုင်ဖူးသည်။ ယူရို-၂၀၀၈ တွင် အုပ်စုမှ လှည့်ပြန်ခဲ့ရသလို၊ အိမ်ရှင်အဖြစ်(ယူကရိန်းနှင့်ပူးတွဲ)ကျင်းပသည့် ယူရို-၂၀၁၂ တွင်လည်း အုပ်စုအဆင့်ကို မကျော်လွန်နိုင်ခဲ့ပေ။ ယူရိုပြိုင်ပွဲ၌ ပထမဆုံးနိုင်ပွဲကိုပင် ပြီးခဲ့သည့် ယူရို-၂၀၁၆ တွင်မှစတင်ရရှိခဲ့သည့်အသင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ခြင်းက အသင်း၏ အကောင်းဆုံးမှတ်တမ်းဖြစ်သည်။

 

Most Read

Most Recent