FA ဖလား တတိယအဆင့်ပွဲစဉ်မျာ းပွဲကြိုသုံးသပ်ချက်

FA ဖလား တတိယအဆင့်ပွဲစဉ်မျာ းပွဲကြိုသုံးသပ်ချက်
Published 6 January 2018

ဖလိဝုဒ် - လက်စတာ (၆-၁-၂၀၁၈ ည ရး၁၅)

လက်စတာတို့လိုအသင်းတွေက ဒီလိုပြိုင်ပွဲတွေမှာ ချန် ပီယံဆုအထိ မျှော်လင့်ခွင့်ရှိပါတယ်။ အသင်းရဲ့ ကစားသမား အင်အားအရရော၊ လက်ရှိ ကစားပုံကလည်း အားရစရာအနေအ ထားမှာရှိတယ်။ ဖလိဝုဒ်က League One မှာ ဇယားအလယ်ကို ရောက်နေတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းဆိုပေမယ့် လက်စတာ ကို ယှဉ်နိုင်ဖို့မလွယ်ပါဘူး။ လက်စတာကိုပဲ ကြိုက်တယ်။

မစ်ဒယ်ဘရော့ - ဆန်းဒါးလန်း (၆-၁-၂၀၁၈ ည ရး၃၀)

မစ်ဒယ်ဘရော့က လိဂ်ချန်ပီယံရှစ်မှာ အဆင့် (၈)နေရာ ရပ်တည်နေတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကို တက် လုနီးပါးဖြစ်ခဲ့သလို၊ ဒီရာသီမှာလည်း အခြေအနေက အရမ်း မဆိုးသေးပါဘူး။ ဆန်းဒါးလန်းကတော့ လိဂ်ချန်ပီယံရှစ် ဇယား အောက်ခြေမှာရပ်တည်နေတဲ့အသင်းဖြစ်ပြီး မစ်ဒယ်ဘရော့ ကွင်းမှာလည်း အရှုံးပေးရဦးမယ်။

အစ်ဝစ်ချ် - ရှက်ဖီးယူနိုက်တက် (၆-၁-၂၀၁၈ ည ၉း၃၀)

လိဂ်ချန်ပီယံရှစ်က အသင်းနှစ်သင်းဖြစ်ပြီး ရပ်တည်မှု၊ ခြေစွမ်း၊ လူအင်အား သိပ်မကွာလှဘူး။ အကြိတ်အနယ် ဖြစ်မယ့် ပွဲကောင်းတစ်ပွဲဖြစ်နိုင်ပြီး ဒီရာသီ ရှက်ဖီးကွင်းမှာ ကစားတုန်းက တော့ ရှက်ဖီးက (၁-ဝ)ဂိုးနဲ့အနိုင်ရထားတာကိုတွေ့ရတယ်။ နှစ် သင်းစလုံးက လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံပျောက်ဆုံးနေ ကြပြီး သရေကျဖို့များတဲ့ပွဲပါ။

ဝက်ဖို့ဒ် - ဘရစ္စတိုးလ်စီးတီး (၆-၁-၂၀၁၈ ည ၉း၃၀)

ဝက်ဖို့ဒ်ရဲ့ လက်ရှိရလဒ်ပိုင်းက စိတ်ပျက်စရာပါ။ နောက် ဆုံးကစားခဲ့တဲ့ပွဲမှာ မန်စီးတီးကို ဒုတိယပိုင်းတုံ့ပြန်ပုံကတော့ ကောင်းတယ်။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာ ပွဲအစအဆုံးပြီးပြည့် စုံတဲ့ ခြေစွမ်းပြနိုင်တာရှားပါတယ်။ လိဂ်ချန်ပီယံရှစ်အဆင့်မှာ က ကစားသမားကောင်းတွေရှိပြီး ဘရစ္စတိုးလ်က လျှော့မတွက် သင့်တဲ့အသင်းပါ။ ဝက်ဖို့ဒ်နိုင်ဖို့ရှိပေမယ့် ခက်ခဲလိမ့်မယ်။

အက်စတွန်ဗီလာ - ပီတာဘရော့(၆-၁-၂၀၁၈ ည ၉း၃၀)

ဂျွန်တယ်ရီ ဦးဆောင်ကစားနေပြီး၊ ဝှီလန်၊ အယ်လ်မိုဟမ် မာဒီ၊ ယဲလ်ဒီနက်၊ ဆနော့ဂရက်စ်၊ အဘွန်လဟော်တို့ရဲ့ အက်စ တွန်ဗီလာက လိဂ်ချန်ပီယံရှစ်မှာ အဆင့် (၅)နေရာမှာရှိနေပြီး နောက်ပိုင်းပွဲတွေမှာလည်း ရလဒ်တွေဆက်တိုက်ကောင်းနေ တာတွေ့ရတယ်။ ပီတာဘရော့က League One မှာ ဇယားအ လယ်ရောက်နေပြီး ဗီလာပဲ အနိုင်ရမှာပါ။

ဘော်လ်တန် - ဟတ်ဒါဖီးလ် (၆-၁-၂၀၁၈ ည ၉း၃၀)

ဘော်လ်တန်က လိဂ်ချန်ပီယံရှစ်မှာ တန်းဆင်းဇုန်နား ရောက်နေတဲ့အသင်းဖြစ်ပြီး အရင်ကရှိခဲ့တဲ့ အရှိန်အဝါက အ ခုအချိန်မှာ အသုံးမဝင်တော့ဘူး။ ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံ ရှစ်မှာ ထိပ်တိုက်ဆုံခဲ့တုန်းကလည်း ဟတ်ဒါဖီးလ်က နှစ်ပွဲစလုံး ဂိုးပြတ်အနိုင်ကစားခဲ့တာတွေ့ရတယ်။ ဒီပွဲလည်း ဟတ်ဒါဖီးလ် ပဲ နိုင်သွားလိမ့်မယ်။

ယိုဗယ်လ် - ဘရက်ဖို့ဒ် (၆-၁-၂၀၁၈ ည ၉း၃၀)

ယိုဗယ်လ်က League Two က အသင်းဖြစ်ပြီး ဘရက် ဖို့ဒ်က League One ကအသင်းပါ။ အဆင့်ချင်းသိပ်တော့ မကွာဘူး။ ဒါပေမဲ့ ယိုဗယ်လ်က League Two မှာ တန်းဆင်းဇုန် ထဲရောက်နေတဲ့အသင်းဖြစ်ပြီး ဘရက်ဖို့ဒ်က ရလဒ်ကောင်း တွေနဲ့ အဆင့်(၅)နေရာကို တက်လာတဲ့ အသင်းပါ။ ဒီပွဲလည်း ဘရက်ဖို့ဒ်နိုင်ပွဲဆက်ပြီး စတုတ္ထအဆင့်ကို တက်နိုင်လိမ့်မယ်။

အိတ်စ်တာ - ဝက်စ်ဘရွန်း (၆-၁-၂၀၁၈ ည ၉း၃၀)

ဝက်စ်ဘရွန်းက ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ထဲ ရောက်နေပေမယ့် အိတ်စ်တာစီးတီးနဲ့ အဆင့်ချင်းကွာပါတယ်။ အိတ်စ်တာက League Two မှာ အဆင့် (၇)နေရာရောက်နေ ပေမယ့် အလန်ပါဂျူးရဲ့ ဝက်စ်ဘရွန်းကို ဒုက္ခပေးနိုင်မယ့်အနေ အထားမှာ မရှိပါဘူး။ ဝက်စ်ဘရွန်းပဲ အနိုင်ရပြီး နောက်တစ်ဆင့် ကို တက်နိုင်လိမ့်မယ်။

ကာဒစ်ဖ် - မန်းစ်ဖီးလ် (၆-၁-၂၀၁၈ ည ၉း၃၀)

ကာဒစ်ဖ်က နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်းဆက်တိုက် ကျဆင်းနေပေမယ့် လိဂ်ချန်ပီယံရှစ်မှာအဆင့် (၃)နေရာမှာရပ် တည်နေတဲ့အသင်းဖြစ်ပြီး မန်းစ်ဖီးလ်နဲ့ အဆင့်ချင်းကွာပါတယ်။ အိမ်ကွင်းမှာ ကစားရမယ့်ပွဲမှာ အဓိကçကစားသမားအစုံအလင် နဲ့ လူစုံထုတ်ကစားပြီး ရှုံးပွဲဆက်မှုကို ရပ်တန့်လိမ့်မယ်။ ကာဒစ်ဖ် ဂိုးပြတ်သွင်းနိုင်တယ်။

မန်စီးတီး - ဘန်လေ (၆-၁-၂၀၁၈ ည ၉း၃၀)

မန်စီးတီးနဲ့ ဘန်လေက ဒီရာသီမှာ မန်စီးတီးကွင်းမှာပဲ ကစားထားရပြီး မန်စီးတီးက အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တာ ကိုတွေ့ရတယ်။ ဒီရာသီမှာ ဘန်လေက ပုံစံကောင်းပြနေပြီး ခြေစွမ်းပိုင်းမှာရော၊ ခံစစ်ပိုင်းမှာပါ အမာကျောဆုံးဖြစ်နေတဲ့ အနေအထားမှာတောင် မန်စီးတီးတိုက်စစ်ကို မကာကွယ်နိုင်ခဲ့ဘူး။ မန်စီးတီးက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် တွေမှာလည်း ပဲလေ့စ်အသင်းနဲ့ ပွဲကလွဲပြီး အမှားမရှိခဲ့ဘဲ ခြေစွမ်းပြနေတာတွေ့ရတယ်။ တစ်ရာသီလုံးအနေနဲ့ အကောင်း ဆုံးအနေအထားမှာ ရှိနေသလို၊ အသင်းမှာရှိနေတဲ့ ကစားသမားတွေကလည်း တစ်ဦးချင်းအနေနဲ့ ပုံစံကောင်းပြနိုင်တာကို တွေ့ရတယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့အခြေအနေကောင်းနေသလို၊ လိဂ်ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် ရောက် နေပြီဖြစ်တဲ့ မန်စီးတီးအသင်း FA ဖလားကိုလည်း အာရုံစိုက်ကစားဖို့များနေပြီး အသင်းနည်းပြ ဂွါဒီယိုလာက သူ့ရဲ့ပထမ ဆုံးရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့တာကို ချေဖျက်ဖို့၊ ဒီရာသီမှာ ရသလောက်ဖလားတွေယူဖို့ မျှော်လင့်နေလိမ့်မယ်။ လက်ရှိအ ချိန်မှာ ဂျေးဆူဒဏ်ရာရနေသလို၊ ပြီးခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲအပြီးမှာလည်း ဝေါ်လ်ကာ ဒဏ်ရာရခဲ့တဲ့အနေအထားကို တွေ့ရတယ်။ ဒါကြောင့် ဒီပွဲမှာ လူစုံမှာမဟုတ်သလို၊ အဓိကçကစားသမားတချို့ကိုလည်း အနားပေးထားနိုင်တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ဘန်လေကို ဒုတိယအကြိမ် ထပ်မံအနိုင်ယူဖို့အခက်အခဲရှိမယ်မထင်ဘူး။ မန်စီးတီးပဲ အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ဘဲ စဉ်းစားရမယ်။

ဝုလ်ဗ် - ဆွမ်ဆီး (၆-၁-၂၀၁၈ ည ၉း၃၀)

ဝုလ်ဗ်က လိဂ်ချန်ပီယံရှစ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး၊ တိုက်စစ်ပိုင်းမှာ နေရာစုံက ဂိုးသွင်းနိုင်တဲ့သူတွေ များပါတယ်။ ဆွမ်ဆီးက နည်းပြသစ် ကာဗာဟယ်လ်လက်ထက်မှာ ထင်သလောက် ယုံကြည်လို့မရ သေးပါဘူး။ ပရီးမီးယားလိဂ်အသင်းဆိုပေမယ့် ဝုလ်ဗ်ကွင်းမှာ တော့ ဆွမ်ဆီး ရုန်းကန်ရပါဦးမယ်။

နယူးကာဆယ် - လူတန် (၆-၁-၂၀၁၈ ည ၉း၃၀)

လူတန်က League Two မှာ အမှတ်ပေးဇယားထိပ် ဆုံးမှာ ရပ်တည်နေတဲ့အသင်းပါ။ ရလဒ်တွေလည်း ကောင်း တယ်။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲမှာ ဂိုးပြတ် ရှုံးပွဲတွေ့ခဲ့တယ်။ နယူးကာဆယ်ကတော့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံမဟုတ်ပေမယ့် ပရီးမီးယားလိဂ်အဆင့်မီတဲ့အ နေအထားကို ပြနိုင်တဲ့အသင်းဖြစ်ပြီး အနိုင်သေချာပါတယ်။

ဖူလ်ဟမ် - ဆောက်သမ်တန် (၆-၁-၂၀၁၈ ည ၉း၃၀)

ဖူလ်ဟမ်က လိဂ်ချန်ပီယံရှစ်အဆင့် (၁၂)နေရာမှာ ရပ် တည်နေပြီး အိမ်ကွင်းမှာ နောက်ဆုံး (၄)ပွဲဆက်တိုက် အနိုင် ရထားတယ်။ (၁၇)နှစ်သား ရိုင်ယန်ဆီဆက်ဂနွန်က ဒီရာသီမှာ ခြေစွမ်းပြနေပြီး (၇)ဂိုးအထိသွင်းထားတယ်။ ဆောက်သမ်တန် က ပရီးမီးယားလိဂ်အသင်းကြီးဆိုပေမယ့် ဖူလ်ဟမ်ကို လျှော့ မတွက်သင့်ဘူး။ ဖူလ်ဟမ်ကိုပဲ ကြိုက်တယ်။

ဝိုင်ကမ်ဘီ - ပရက်စတန် (၆-၁-၂၀၁၈ ည ၉း၃၀)

ဝိုင်ကမ်ဘီက League Two က အသင်းဖြစ်ပြီး လက်ရှိ ရလဒ်ကောင်းနေတယ်ဆိုပေမယ့်လည်း လိဂ်အဆင့်အတန်း ကြောင့် ချန်ပီယံရှစ်က ပရက်စတန်ကို ယှဉ်နိုင်ဖို့ခက်တယ်။ ပရက်စတန်က ချန်ပီယံရှစ်မှာ အဆင့် (၉)နေရာရောက်နေပေ မယ့် ခံစစ်ကစားပုံကောင်းတာတွေ့ရတယ်။ ဝိုင်ကမ်ဘီ အိမ် ကွင်းဆိုပေမယ့် ပရက်စတန်ပဲ အနိုင်ရလိမ့်မယ်။

နောဝစ်ချ် - ချယ်လ်ဆီး (၆-၁-၂၀၁၈ ၁၂း၀၀)

နောဝစ်ချ်က လိဂ်ချန်ပီယံရှစ်ရဲ့အမှတ်ပေးဇယား အ လယ်မှာ ရပ်တည်နေပြီး ရလဒ်ပိုင်းကတော့ ကောင်းတစ်လှည့်၊ ညံ့တစ်လှည့်ပဲ။ နေးစမစ်၊ ဂျရုန်း၊ နယ်လ်ဆင်အိုလီဗီရာတို့လို ကစားသမားကောင်းတွေရှိပေမယ့် အိုလီဗီရာကလွဲပြီး ခြေစွမ်း သိပ်မပြနိုင်ကြပါဘူး။ ချယ်လ်ဆီးက ခြေစွမ်းတည်ငြိမ်နေတဲ့အ သင်းဖြစ်ပြီး အဝေးကွင်းမှာ အနိုင်ကစားလိမ့်မယ်။

အခြားပွဲစဉ်များ
----------
ဘရန်ဖို့ဒ် - နော့ကောင်တီ (၆-၁-၂၀၁၈ ည ၉း၃၀)

ဘုန်းမောက် - ဝီဂန် (၆-၁-၂၀၁၈ ည ၉း၃၀)
ကိုဗင်ထရီ - စတုတ်စီးတီး (၆-၁-၂၀၁၈ ည ၉း၃၀)
OPR - MK ဒွန်းစ် (၆-၁-၂၀၁၈ ည ၉း၃၀)
မီဝေါလ် - ဘန်စလေ (၆-၁-၂၀၁၈ ည ၉း၃၀)
ကယ်လိုင်း - ရှက်ဖီးလ်ဝင်းစ်ဒေး (၆-၁-၂၀၁၈ ည ၉း၃၀)
စတီဗန်နေ့ချ် - ရက်ဒင်း (၆-၁-၂၀၁၈ ည ၉း၃၀)
ဒွန်ကတ်စတာ - ရော့ချ်ဒေးလ် (၆-၁-၂၀၁၈ ည ၉း၃၀)
ဘလက်ဘန်း - ဟားလ်စီးတီး (၆-၁-၂၀၁၈ ည ၉း၃၀)
ဘာမင်ဂမ် - ဘာတန် (၆-၁-၂၀၁၈ ည ၉း၃၀)

Most Read

Most Recent