■ ဆာလာနှင့်ပတ်သက်သည့်သတင်းများကို မှတ်ချက်ပေးရန် ဇီဒန်း ငြင်းဆန်

■ ဆာလာနှင့်ပတ်သက်သည့်သတင်းများကို မှတ်ချက်ပေးရန် ဇီဒန်း ငြင်းဆန်
Photo: Liverpool Echo
Photo: Liverpool Echo
Published 6 April 2021

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် လီဗာပူးလ်အသင်းမှ ဆာလာနှင့်ပတ်သက်သည့် ကောလာဟလသတင်းများကို မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ယနေ့ကစားမည့် လီဗာပူးလ်နှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏မေးမြန်းမှုကို ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

''သူဟာ ကျွန်တော့်ကစားသမား မဟုတ်ပါဘူး။ ကျွန်တော့်မှာ ကစားသမား ၂၅ ယောက်ရှိပါတယ်။ လက်ရှိမှာ ကျွန်တော်က ရီးယဲလ်မက်ဒရစ်အသင်းနည်းပြပါ။ ကျွန်တော့်အနေနဲ့ ဒီမှာရှိနေတဲ့အခိုက်အတန့်ကို နေ့တိုင်းကျေနပ်ဝမ်းသာမိပါတယ်'' ဟု ဇီဒန်းက ပြောကြားခဲ့သည်။

ဆာလာသည် AS နှင့်ပြုလုပ်သည့်အင်တာဗျူးတွင် လာလီဂါသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု အရိပ်အမြွက်ပြောကြားခဲ့သဖြင့် ရီးယဲလ်အသင်းနှင့်သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆာလာ၏လက်ရှိစာချုပ်မှာ ၂၀၂၃ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သောကြောင့် လီဗာပူးလ်အနေဖြင့် သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ခန့် တောင်းဆိုဖွယ်ရှိသည်။

အသက်(၂၈)အရွယ်ရှိ အီဂျစ်တောင်ပံတိုက်စစ်ကစားသမား ဆာလာသည် လီဗာပူးလ်အသင်းအတွက် ၁၉၃ ပွဲကစားကာ ၁၂၀ ဂိုး သွင်းယူပေးထားသည်။

Most Read

Most Recent