အင်္ဂလန် ယူ-၂၁ အသင်းနည်းပြဘိုသရွိုက်၏ နေရာတွင် အစားထိုးရန် ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဂျိုးကိုးလ် ရေပန်းစား

အင်္ဂလန် ယူ-၂၁ အသင်းနည်းပြဘိုသရွိုက်၏ နေရာတွင် အစားထိုးရန် ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဂျိုးကိုးလ် ရေပန်းစား
Photo: Getty Images
Photo: Getty Images
Published 5 April 2021

 ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန် လက်ရွေးစင်အသင်း၏ ကွင်းလယ်လူ ဟောင်းတစ်ဦးဖြစ်သူ ဂျိုးကိုးလ်သည် အင်္ဂလန် ယူ-၂၁အသင်းနည်းပြဘို သရွိုက်(၅ဝနှစ်)၏ နေရာတွင်အစား ထိုးရန် ရေပန်းစားနေကြောင်း သိရ သည်။ 

    

အင်္ဂလန်ယူ-၂၁ အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက  ကစားခဲ့သော   ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရလဒ်များဆိုးရွားခဲ့ပြီး အုပ်စုအဆင့် မှပင် ထွက်ခဲ့ရသည်။ အုပ်စုပွဲ(၃)ပွဲ ကစားရာတွင် အင်္ဂလန်အသင်းမှာ ဆွစ်ဇာလန်၊ ပေါ်တူဂီအသင်းများကို ရှုံးနိမ့်ခဲ့ပြီး ခရိုအေးရှားတစ်သင်းတည်း ကိုသာ အနိုင်ရကာ ရမှတ်(၃)မှတ်ဖြင့် အုပ်စုနောက်ဆုံးမှ ထွက်ခဲ့ရခြင်းဖြစ် သည်။ သို့ဖြစ်ရာ အင်္ဂလန် ယူ-၂၁ အ သင်းနည်းပြဘိုသရွိုက်၏ အနာဂတ် လှုပ်ခတ်သောသတင်းများထွက်ပေါ် နေခြင်းဖြစ်သည်။ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်(FA)သည်  (လာမည့် ဇွန်လ တွင် သက်တမ်းကုန်ဆုံးမည့်) ဘိုသ ရွိုက်၏စာချုပ်ကို သက်တမ်းတိုးတော့ မည်မဟုတ်ဘဲ သူ၏နေရာအ စားထိုး ရန် နည်းပြသစ်ရှာဖွေလျက်ရှိကြောင်း သိရသည်။

    

အသက်(၃၉)နှစ်အရွယ်ရှိပြီ ဖြစ်သူ ဂျိုးကိုးလ်သည် ၂၀၁၈ ခုနှစ်က အမေရိကန်ကလပ် Tampa bay Rowdies  အသင်းတွင် လက်ထောက် နည်းပြအဖြစ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစ၍ ချယ်လ်ဆီးအကယ်ဒမီ၌ နည်းပြတစ်ဦးအဖြစ်ဆောင်ရွက်နေ သည်။ လက်ရှိတွင် BT Sports ရုပ်သံ ၏ဘောလုံးဝေဖန်သုံးသပ်သူတစ်ဦး အဖြစ်လည်း ဆောင်ရွက်နေသော ဂျိုး ကိုးလ်သည် UEFA ၏ A လိုင်စင် နည်းပြလက်မှတ်ရရှိထားသူ ဖြစ် ကြောင်း သိရှိရသည်။ 

Most Read

Most Recent