ရာသီကုန်တွင် မန်ယူအသင်းနှင့် ဂိုးသမား (၄)ဦးအထိ လမ်းခွဲဖွယ်ရှိနေ 

ရာသီကုန်တွင် မန်ယူအသင်းနှင့် ဂိုးသမား (၄)ဦးအထိ လမ်းခွဲဖွယ်ရှိနေ 
Photo: Getty Images
Photo: Getty Images
Published 5 April 2021

မန်ယူအသင်းသည် လာမည့်နွေ  ရာသီတွင် အသင်းမှဂိုးသမား (၄)ဦး နှင့် လမ်းခွဲဖွယ်ရှိနေပြီး စပိန်ဂိုးသမား ဒီဟေးယားမှာ စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေသေးခြင်းကြောင့် ၎င်းင်းနှင့် လမ်းခွဲခြင်းအတွက် ငွေကြေးများစွာ အသုံးပြုရဖွယ်ရှိနေကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

    

မန်ယူအသင်းသည် ဒီဟေးယား အား တစ်ပတ်လစာငွေပေါင် (၃၅၀၀ ၀၀) ပေးချေလျက်ရှိနေပြီး ၎င်းင်းအား ရောင်းချခြင်းမှ ပေါင်သန်း (၄၀)ခန့်ရရှိ ရန်မျှော်မှန်းထားကြောင်းလည်း သိရှိ ရသည်။ မန်ယူအသင်းမှ တစ်ပတ်လ စာ ပေါင်(၇၀၀၀၀)ရရှိနေသည့် အာ ဂျင်တီးနားဂိုးသမား ရိုမဲရိုးလည်း အ သင်းမှထွက်ခွာရန်စီစဉ်နေပြီး တတိ ယဦးစားပေးဂိုးသမား လီဂရန့် (၃၈ နှစ်)၊ ဂျိုယဲလ်ပါရဲရား (၂၄ နှစ်)တို့မှာ လည်း  စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်၍ မန်ယူအသင်းနှင့် လမ်းခွဲမည် ဖြစ်ကြောင်း သိရှိရသည်။

    

မန်ယူအသင်းသည် အသင်း တွင်ရှိနေသောဂိုးသမား(၅)ဦးအတွက် တစ်ပတ်လစာငွေပေါင် (၅၇၀၀၀၀)ခန့် ကုန်ကျနေပြီး ယင်းဂိုးသမား (၄)ဦးထွက်ခွာသွားက အသင်း၏လစာငွေ ပေးချေမှုမှာ များစွာသက်သာသွားမည် ဖြစ်သည်။ မန်ယူအသင်းတာဝန်ရှိသူ များသည် ပြီးခဲ့သည့်နွေရာသီက တစ် ပတ်လစာငွေပေါင်(၁)သိန်းဖြင့် စာ ချုပ်သစ်ချုပ်ဆိုခဲ့သော အင်္ဂလန်ဂိုး သမား ဟန်ဒါဆန်ကို နံပါတ် (၁)ဂိုးသ မားအဖြစ် အတည်ပြုခဲ့ပြီးနောက် ဒီ ဟေးယားအတွက်ကမ်းလှမ်းမှုများကို လက်ခံရန် စီစဉ်နေခြင်းဖြစ်သည်။

 

Most Read

Most Recent