ဘာစီလိုနာအသင်း၏ ကစားသမားဟောင်းဖြစ်သလို၊ ဂန္ထဝင်နည်းပြ ယိုဟန်ခရိုက်ဖ်၏ သားဖြစ်သော ယော်ဒီခရိုက်ဖ် သည် ဘာစီလိုနာအသင်းသို့ ပြန်ရောက်လာဖွယ်ရှိကြောင်း သိရသည်။
ယော်ဒီခရိုက်ဖ်(၄၇ နှစ်)သည် လက်ရှိအချိန်၌ တရုတ်စူပါလိဂ်တွင် နည်းပြအဖြစ် ဆောင်ရွက်နေပြီး ဘာစီလိုနာဥက္ကဋ္ဌသစ် လာပေါ်တာက ၎င်းကို အသင်းတွင် ပြန်လည် နေရာပေးရန် ဆန္ဒရှိနေကြောင်း သိရသည်။
လာပေါ်တာသည် ယော်ဒီခရိုက်ဖ်ကို ဘာစီလိုနာအသင်းတွင် နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်တာဝန်ပေးရန် လိုလားနေခြင်းဖြစ်ကြောင်းလည်း စပိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။
ယင်းသတင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို ယော်ဒီခရိုက်ဖ်က စောင့်ကြည့်ရမည့်အခြေအနေဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ကိုင်တွယ်နေသည့်အသင်းကိုသာ အာရုံစိုက်ထားသည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။















