အနာဂတ်တွင် စပိန်၌ ကစားနိုင်ကြောင်း ဆာလာ ပြောကြား 

အနာဂတ်တွင် စပိန်၌ ကစားနိုင်ကြောင်း ဆာလာ ပြောကြား 
Photo: Getty Images
Photo: Getty Images
Published 30 March 2021

လီဗာပူးလ်တိုက်စစ်မှူး ဆာလာက မိမိအနေဖြင့် အနာဂတ်တွင် စပိန်၌ ကစားနိုင်ကြောင်း ပြောကြားခဲ့သည်။ 

ဆာလာသည် ပြီးခဲ့သည့် ၂၀၂၀ ဒီဇင်ဘာက ပြုလုပ်ခဲ့သည့် စပိန်သတင်းစာ AS နှင့်အင်တာဗျူးပြုလုပ်ရာတွင်လည်း တစ်နေ့တွင် စပိန်သို့ပြောင်းရွှေ့ကစားနိုင်ကြောင်း ဝန်ခံခဲ့ပြီးနောက် ရီးယဲလ်အသင်းက ၎င်းကို ခေါ်ယူလိုသည်ဟု ဆိုသည့်သတင်းများမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ 

ယခု Marca နှင့်တွေ့ဆုံရာတွင်လည်း ဆာလာက မိမိအနေဖြင့် အနာဂတ်တွင် စပိန်၌ ကစားနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"လီဗာပူးလ်အသင်းမှာ ကျွန်တော် ဆက်ရှိနေမလားဆိုတာက ကျွန်တော့်မှာ မမူတည်ပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမယ်။ အခုအချိန်မှာတော့ ကျွန်တော် ဘာမှမပြောချင်သေးပါဘူး။ ကျွန်တော့်အနေနဲ့ နှစ်တွေအများကြီး ကစားနိုင်ဦးမယ်လို့ ထင်ပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီတော့ တစ်နေ့ စပိန်မှာ ကျွန်တော် ကစားနိုင်ပါတယ်"ဟု ဆာလာက ပြောကြားခဲ့သည်။ 

ထို့ပြင် ဆာလာက အသင်းနည်းပြ ယာဂန်ကလော့ပ်နှင့် ဆက်ဆံရေးမှာ သာမန်သာဖြစ်ပြီး ပရော်ဖက်ရှင်နယ်ဆက်ဆံရေးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent