၂၀၂၁ ခုနှစ်အတွင်း ဥရောပထိပ်သီးလိဂ်(၅)ခုမှ စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားစာရင်းတွင် ဘာစီလိုနာတိုုက်စစ်မှူး မက်ဆီ ဦးဆောင်

၂၀၂၁ ခုနှစ်အတွင်း ဥရောပထိပ်သီးလိဂ်(၅)ခုမှ စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားစာရင်းတွင် ဘာစီလိုနာတိုုက်စစ်မှူး မက်ဆီ ဦးဆောင်
Photo: Getty Images
Photo: Getty Images
Published 30 March 2021

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ၂၀၂၁ ခုနှစ်အတွင်း ဥရောပထိပ်သီးလိဂ်(၅)ခုထဲ၌ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားအဖြစ် ဦးဆောင်ရပ်တည်နိုင်ခဲ့ ကြောင်း သိရသည်။

    

အဆိုပါစွမ်းဆောင်ရည်အကဲဖြတ်မှုကို နာမည်ကျော်ဘောလုံးသုတေသနအဖွဲ့ (CIES) က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မက်ဆီက ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကိုကျော်ဖြတ်ကာ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ပရီးမီးယားလိဂ်ကစားသမားများထဲတွင် စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ခဲ့သည့် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက တတိယနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက အဆင့်(၅)နေရာတွင် ရပ်တည်ခဲ့သည်။ 

စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမား (၁၀)ဦးစာရင်းတွင် လာလီဂါနှင့် ဘွန်ဒစ်လီဂါက ကစားသမား  (၃)ဦးစီပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်နှင့် စီးရီးအေမှ (၂)ဦးစီ ပါဝင်ခဲ့သည်။ 

ထူးခြားသည်မှာ ပြင်သစ်လီဂူးမှ ကစားသမားတစ်ဦးမျှ မပါဝင်ခဲ့ခြင်းပင်ဖြစ်သည်။ CIES သည် ကလပ်အသင်းအလိုက် စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားစာရင်းကိုလည်း ထုတ်ပြန်ခဲ့ရာ အာဆင်နယ်တွင် ချာကာ၊ လီဗာပူးလ်တွင် သီယာဂို၊ မန်စီးတီးတွင် ရူဘင်ဒီယက်စ်၊ မန်ယူတွင် လုခ်ရှော၊ စပါးတွင် ဟာရီကိန်း၊ လက်စတာတွင် အန်ဒီဒီတို့ စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။ 

    

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သလို၊ ဘာစီလိုနာအသင်းမှာလည်း ၂၀၂၁ ခုနှစ် အတွင်း လာလီဂါပြိုင်ပွဲ၌ စွမ်းဆောင်ရည်အကောင်းဆုံးအသင်းအဖြစ် ဦးဆောင်နေကြောင်း သိရသည်။

■၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားများ

မက်ဆီ(ဘာစီလိုနာ)    - ၉၂.၅ မှတ်

လီဝန်ဒေါစကီး(ဘိုင်ယန်မြူးနစ်) - ၈၉.၅ မှတ်

ဂျော်ဂျင်ဟို(ချယ်လ်ဆီး) - ၈၉.၅ မှတ်

ရူဘင်ဒီယက်စ်(မန်စီးတီး) - ၈၉.၄ မှတ်

စီရော်နယ်လ်ဒို(ဂျူဗင်တပ်စ်) - ၈၉.၃ မှတ်

ဖယ်ကီယာ(ဘက်တစ်) - ၈၇.၆ မှတ်

တိုနီကရို့စ်(ရီးယဲလ်) - ၈၇.၆ မှတ်

အန်ဒရေဆေးလ်ဗား(ဖရန့်ဖတ်) - ၈၇.၄ မှတ်

အင်ဆစ်ဂ်နီ(နာပိုလီ) - ၈၇.၀ မှတ်

ဂျေဒန်ဆန်ချို(ဒေါ့မွန်) - ၈၆.၄ မှတ်

Most Read

Most Recent