အင်္ဂလန်အသင်းနှင့် ပွဲစဉ်ကို လီဝန်ဒေါစကီး ဒဏ်ရာကြောင့် လွဲချော်မည်

အင်္ဂလန်အသင်းနှင့် ပွဲစဉ်ကို လီဝန်ဒေါစကီး ဒဏ်ရာကြောင့် လွဲချော်မည်
Published 30 March 2021

ပိုလန်အသင်း၏ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးသည် အင်္ဂလန်အသင်းနှင့်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို ဒဏ်ရာပြဿနာကြောင့် လွဲချော်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ 

လီဝန်ဒေါစကီးသည် အန်ဒိုရာအသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဒဏ်ရာကြောင့် လူစားလဲခံခဲ့ရသလို၊ အင်္ဂလန်နှင့်ပွဲကိုပါ လွဲချော်ခဲ့ခြင်း ဖြစ်သည်။ 

ပိုလန်အသင်းဝက်ဘ်ဆိုက်က ယင်းသတင်းကို အတည်ပြုခဲ့ပြီး ညာဘက်ဒူးတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 

ပိုလန်အသင်း၏ကြေညာချက်တွင် လီဝန်ဒေါစကီးအနေဖြင့် (၅)ရက်မှ (၁၀)ရက်အတွင်း ဒဏ်ရာပြန်ကောင်းလာနိုင်သည်ဟုလည်း ရေးသားခဲ့သည်။

ထို့ကြောင့် ၎င်းမှာ ဧပြီလ(၃)ရက်တွင်ကစားမည့် လိုက်ပ်ဇစ်နှင့်ဘွန်ဒစ်လီဂါပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

လီဝန်ဒေါစကီးသည် ပိုလန်အသင်းအတွက် ကစားသည့် နိုင်ငံတကာပွဲ ၁၁၈ ပွဲတွင် ၆၆ ဂိုး သွင်းယူထားပြီး နိုင်ငံအသင်း၏ ပွဲအများဆုံး၊ သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားသည်။

Most Read

Most Recent