ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးမှာ ထိပ်တန်းအဆင့်နည်းပြတစ်ဦးဖြစ်ပြီး ဘာစီလိုနာနှင့် လိုက်ဖက်သူတစ်ဦးဖြစ်သည်ဟု ဇာဗီပြောကြား

ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးမှာ ထိပ်တန်းအဆင့်နည်းပြတစ်ဦးဖြစ်ပြီး ဘာစီလိုနာနှင့် လိုက်ဖက်သူတစ်ဦးဖြစ်သည်ဟု ဇာဗီပြောကြား
Photo: dw
Photo: dw
Published 29 March 2021

ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းအား နည်းပြအဖြစ်ကိုင်တွယ်နေသည့် ဘာစီလိုနာနှင့် စပိန်ဂန္ထဝင်ကွင်းလယ်လူဟောင်း ဇာဗီက လက်ရှိဂျာမနီလက်ရွေးစင်အသင်းနည်းပြ ယော်ကင်လိုးမှာ ထိပ်တန်းအဆင့်နည်းပြတစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်းနှင့် လိုက်ဖက်သူတစ်ဦးဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိတွင် ဘာစီလိုနာအသင်းအား ဒတ်ချ်လူမျိုးနည်းပြ ရော်နယ်လ်ကိုးမန်း ကိုင်တွယ်နေပြီး ရလဒ်ကောင်းများရရှိနေသော်လည်း ဥက္ကဋ္ဌသစ်ဖြစ်သူ လာပေါ်တာမှာ အသင်း၏ အနာဂတ်အပြောင်းအလဲများအတွက် နည်းပြအပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ထို့ကြောင့် လာမည့်ယူရိုပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်အသင်းနှင့် လမ်းခွဲတော့မည်ဟု အတည်ပြုထားသော ယော်ကင်လိုးမှာလည်း ဘာစီလိုနာအသင်း၏ ပစ်မှတ်နည်းပြစာရင်းတွင် ပါဝင်နေရာ ဇာဗီက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းနည်းပြသစ် ဖြစ်လာနိုင်သူအဖြစ် နာမည်ထွက်နေသူတစ်ဦးပင်ဖြစ်သည့် ဇာဗီက ''သူ (ယော်ကင်လိုး)ဟာ ထိပ်တန်းအဆင့်နည်းပြပါပဲ။ သူဟာ တက်ကြွမှုနဲ့ တိုက်စစ်ကစားဟန်ကို အလိုရှိသူပါ။ ပြီးတော့ ကမ္ဘာ့ဖလားချန်ပီယံလည်းဖြစ်ပါတယ်။ ယော်ကင်လိုးဟာ ဂျာမန်ဘောလုံးကိုဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူပြုခဲ့သူဆိုလည်း မမှားပါဘူး။ ယော်ကင်လိုးဟာ ဘာစီလိုနာနဲ့ ဘာကြောင့်လိုက်ဖက်လဲလို့မေးခဲ့ရင်တော့ သူ့ရဲ့ ဒီကစားနည်းအပေါ် နားလည်တွေးခေါ်နိုင်စွမ်းနဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်မှုတွေကြောင့်ပါပဲ'' ဟု ဂျာမန်သတင်းစာ Suddeutsche Zeitung နှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

Most Read

Most Recent