အေစီမီလန်အသင်း အပြောင်းအရွှေ့အသုံးစရိတ် ယူရိုသန်း (၁၀၀) ရရှိ

အေစီမီလန်အသင်း အပြောင်းအရွှေ့အသုံးစရိတ် ယူရိုသန်း (၁၀၀) ရရှိ
Photo: Getty Images
Photo: Getty Images
Published 29 March 2021

အေစီမီလန်အသင်းသည် လာမည့်အပြောင်းအရွှေ့ကာလအတွက် အသုံးစရိတ် ယူရိုသန်း (၁၀၀)ရရှိထားကြောင်း သိရသည်။

ယင်းအပြောင်းအရွှေ့ အသုံးစရိတ် ယူရိုသန်း (၁၀၀)ကို လက်ရှိအချိန်တွင် အငှားခေါ်ယူထားသည့် ချယ်လ်ဆီးနောက်ခံလူ တိုမိုရီအား အပြီးသတ်ခေါ်ယူရန်အတွက် အေစီမီလန်အသင်း ဦးစားပေးသုံးစွဲသွားဖွယ်ရှိနေသည်။

ထို့ပြင် အေစီမီလန်အသင်းသည် ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်၊ CSKA မော်စကို ကွင်းလယ်လူ ဗလာဆစ်တို့ကို ခေါ်ယူသွားရန်လည်း ပစ်မှတ်ထားနေသည်။

အေစီမီလန်အသင်းသည် တိုက်စစ်မှူး အီဘရာဟီမိုဗစ်နှင့် ချာဟာနိုဂလူးတို့ကိုလည်း စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေသည်။ 

Most Read

Most Recent