မြစ်ကြီးနားမြို့နယ်၌ ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်နေသည့် တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် ၁၄ ဦး ဖမ်းမိ

မြစ်ကြီးနားမြို့နယ်၌ ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်နေသည့် တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် ၁၄ ဦး ဖမ်းမိ
Published 4 January 2018

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၌ ငါးမန်းဂိမ်းလောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် ၁၄ ဦးအား ဇန်နဝါရီ ၂ ရက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ နယ်မြေ (၆) ရှိ မ/၁၄၈ တွင် အလောင်းကစားပြုလုပ်နေမှုအား ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ မြစ်ကြီးနားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့ပါသည့် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငါးမန်းဂိမ်းလောင်းကစားဒိုင်မှာ တရုတ်နိုင်ငံသား Mr. Zhang Wen Win (ခ) ကျန်းဝေဝိန့်၊ (၅၃ နှစ်) ဖြစ်ကာ အလုပ်သမားနှစ်ဦး၊ ငါးမန်းဂိမ်း လာရောက်လောင်းကစားသူ မောင်မောင်နိုင်၊ (၄၅ နှစ်) ပါ ကျား ၁၁ ဦး၊ စုစုပေါင်း ၁၄ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ငါးမန်းဂိမ်းစက်လေးလုံး၊ ထိုင်ခုံ ၂၃ လုံး၊ မီးစက်တစ်လုံး၊ ဆိုင်ကယ် ၁၅ စီး၊ လက်ကိုင်ဖုန်း ၁၃ လုံး၊ ဂိမ်းကစားရာတွင် အသုံးပြုသည့် ငွေဖြည့်ကတ်နှစ်ခု၊ လောင်းကြေးငွေ ကျပ် ၄၅၂ç၀၀၀ တို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး Mr. Zhang Wen Win (ခ) ကျန်းဝေဝိန့်ပါ ၁၄ ဦးအား မြစ်ကြီးနားနယ်မြေရဲစခန်း (ပ) ၂/ ၂၀၁၈၊ လောင်းကစားပုဒ်မ ၁၃ (က)/၁၄ (က) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent