နောက်ထပ် (၆)နှစ်ခန့် ဘောလုံးဆက်လက်ကစားနိုင်ရန် မျှော်လင့်ကြောင်း ဟာဇက် ဆို

နောက်ထပ် (၆)နှစ်ခန့် ဘောလုံးဆက်လက်ကစားနိုင်ရန် မျှော်လင့်ကြောင်း ဟာဇက် ဆို
Photo: Getty Images
Photo: Getty Images
Published 10 February 2021

ရီးယဲလ်မက်ဒရစ်အသင်းမှ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်သူ ဟာဇက်က ၎င်းအနေဖြင့် နောက်ထပ် (၆)နှစ်ခန့် ဘောလုံးဆက်လက် ကစားရန် မျှော်လင့်နေလျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    

အသက် (၃၀) နှစ်အရွယ်သာရှိသေးသူ  ဟာဇက်မှာ ၂၀၁၉ ခုနှစ်တွင် ချယ်လ်ဆီးအသင်းမှ ပြောင်းရွှေ့လာပြီးကတည်းက ရီးယဲလ် အသင်း၌ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။ 

၎င်းအနေဖြင့် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၅)ပွဲသာ ကစားထားရပြီး ယခုရာသီတွင်လည်း (၁၃) ပွဲသာ ကစားနိုင်သေးကြောင်း သိရသည်။ 

"ကျွန်တော့်အနေနဲ့ အသက် (၃၀) အရွယ်သာ ရှိနေသေးတာမို့လို့ ခန္ဓာကိုယ်က ဘောလုံးကြာကြာ ဆက်ကစားနိုင်ဦးမယ်လို့ ထင်ပါတယ်။ အနည်းဆုံး (၅)နှစ် ဒါမှမဟုတ် (၆)နှစ်လောက် ဘောလုံးကစား နိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်"ဟု ဟာဇက်က On The Front Foot သို့ ပြောကြားခဲ့သည်။ 

ဟာဇက်သည် လက်ရှိတွင် ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပြီး  ရက်သတ္တပတ်အနည်းငယ်ကြာ ပွဲကစားနိုင်မည်မဟုတ်ကြောင်း သိရသည်။

Most Read

Most Recent