ဆောက်သမ်တန် နှင့် ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၃ နံနက် ၂း၁၅)
လက်ရှိအချိန်မှာ ရပ်တည်မှုက ဆောက်သမ်တန်သာနေ ပေမယ့် ခြေစွမ်းပိုင်းမှာ ပဲလေ့စ်ကတောင် ပိုကောင်းနေပါတယ်။ ပြောရရင် ပဲလေ့စ်က နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲရဲ့အရသာကို သိနေပေမယ့် ဆောက်သမ်တန်က ကစားတာကောင်းသည်ဖြစ် စေ၊ ညံ့သည်ဖြစ်စေ နိုင်ပွဲမရှာနိုင်ဘူးဖြစ်နေတယ်။ အခုလည်း ဆောက်သမ်တန်ကွင်းမှာ သရေကျသွားနိုင်တယ်။
ဆွမ်ဆီး နှင့် စပါး (မြန်မာစံတော်ချိန် ဇန်နဝါရီ ၃ နံနက် ၂း၁၅)
ဆွမ်ဆီးက ဝက်ဖို့ဒ်နဲ့ပွဲမှာ အဝေးကွင်းနိုင်ပွဲကို ရယူနိုင် ခဲ့တယ်။ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို အများကြီးအထောက် အကူပြုသွားစေလိမ့်မယ်ဆိုပေမယ့် ချက်ချင်းဆိုသလို အသင်း ကြီးတစ်သင်းနဲ့ ပြန်တွေ့တာကံဆိုးပါတယ်။ စပါးက နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းကလည်း ခြေစွမ်းပြနေတာ တွေ့ရတယ်။ စပါးပဲ နိုင်ဦးမှာပါ။
ဝက်စ်ဟမ်း နှင့် ဝက်စ်ဘရွန်း (မြန်မာစံတော်ချိန် ဇန်နဝါရီ ၃ နံနက် ၂း၁၅)
ဝက်စ်ဟမ်းရဲ့ တိုက်စစ်က ဂိုးသွင်းအားသိသိသာသာ တက်လာတာကိုတွေ့ရတယ်။ နောက်ဆုံး (၅)ပွဲမှာ နယူးကာ ဆယ်နဲ့ တစ်ပွဲပဲ မထင်မှတ်ဘဲ ရှုံးပွဲတွေ့ခဲ့ပြီး ကျန်ပွဲစဉ်တွေအား လုံးမှာ ခြေစွမ်းပြနိုင်ခဲ့တာတွေ့ရတယ်။ တိုက်စစ်ကလည်း နောက်ဆုံး (၃)ပွဲမှာ (၈)ဂိုးအထိရခဲ့တယ်။ ဒါကြောင့် ဒီပွဲလည်း ဝက်စ်ဘရွန်းကိုအနိုင်ကစားလိမ့်မယ်။
မန်စီးတီး နှင့် ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၃ နံနက် ၂း၃၀)
မန်စီးတီးက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ပဲလေ့စ်ကို သရေကစားခဲ့လို့ နိုင်ပွဲဆက်စံချိန်ကတော့ ရပ်တန့်သွားခဲ့တယ်။ ဒါ့ အပြင် ရာသီတစ်လျှောက်လုံး ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်ပါရပ်တန့်သွားခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ ဒီရလဒ်က ပဲလေ့စ်ရဲ့ မထင်မှတ် တဲ့ ရုန်းအားနဲ့ အကောင်းဆုံးအသင်းတွေတောင် ခြေချော်လေ့ရှိတဲ့အဖြစ်နဲ့ တိုက်ဆိုင်သွားလို့ပါ။ မန်စီးတီးရဲ့ ခြေစွမ်းနဲ့ တိုက်စစ် ပိုင်းထက်မြက်မှုက ရပ်တန့်သွားမှာမဟုတ်ဘူး။ လက်ရှိအချိန်မှာ ဝက်ဖို့ဒ်ကလည်း အဆိုးရွားဆုံးအနေအထားကိုရောက်နေ တာကိုတွေ့ရတယ်။ လက်စတာနဲ့ပွဲမှာ Own Goal တစ်ဂိုးကြောင့် နိုင်ခဲ့တာကလွဲရင် ကျန်ပွဲတိုင်းက အိမ်ကွင်း၊ အဝေးကွင်းမ ရွေး ရလဒ်တွေဆိုးနေတဲ့အသင်းဖြစ်ပြီး ပြန်ပေါက်ကွဲပြဖို့ ဆန္ဒပြင်းပြနေမယ့် မန်စီးတီးအသင်းရဲ့ကွင်းမှာ ဝက်ဖို့ဒ်ပြိုကွဲသွားလိမ့် မယ်။ မန်စီးတီးအသင်း ဂိုးပြတ်သွင်းမှာသေချာပါတယ်။