NLD ပါတီ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ တိုင်းရင်းသားအရေး ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မလဲ

NLD ပါတီ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ တိုင်းရင်းသားအရေး ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မလဲ
ကချင်ပြည်နယ်၌ NLD ပါတီကိုယ်စားလှယ်အဖွဲ့နှင့်  အနိုင်ရတိုင်းရင်းသားပါတီသုံးပါတီမှ ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့ NLD ပါတီရုံးတွင် ဇန်နဝါရီ ၁ ရက်က တွေ့ဆုံစဉ်
ကချင်ပြည်နယ်၌ NLD ပါတီကိုယ်စားလှယ်အဖွဲ့နှင့် အနိုင်ရတိုင်းရင်းသားပါတီသုံးပါတီမှ ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့ NLD ပါတီရုံးတွင် ဇန်နဝါရီ ၁ ရက်က တွေ့ဆုံစဉ်
Published 17 January 2021
ဆန်းမိုးထွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံ ဆွေးနွေးရေးကြိုးပမ်းမှုသည် တာထွက်စ၌ ပင် သဘောထားကွဲလွဲမှုများ၊ အထစ်အငေါ့ များနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုသို့ဖြစ်ရခြင်းသည် NLD ပါတီကိုယ် စားပြု တွေ့ဆုံဆွေးနွေးရေးအဖွဲ့အနေဖြင့် တိုင်းရင်းသားပါတီများနှင့် လာရောက်တွေ့ ဆုံရာတွင် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချပိုင်ခွင့်မရှိခြင်းကြောင့်ဖြစ်သည်ဟု တိုင်းရင်းသားပါတီများက ရှုမြင်ကြသည်။

ထိုသို့သော အခြေအနေတွင် NLD ပါတီအတွက် နောက်ထပ် အခက်ကြုံရမည့် ကိစ္စတစ်ခုက ပေါ်ပေါက်ခဲ့သည်။

အကြောင်းမှာ NLD ပါတီ ကိုယ်စားပြုအဖွဲ့နှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရသဖြင့် တွေ့ဆုံပွဲ ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၂ ရက်တွင် ဒေါက်တာအောင်မိုးညိုက တွေ့ဆုံရန် ဆက်သွယ်လာသော်လည်း တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရသောကြောင့် ဆွေးနွေးပွဲပျက်ပြယ်ခဲ့ရ ကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါ တီ (KySDP) အတွင်းရေးမှူး ခူးသဲရယ်က ပြောကြားသည်။

Most Read

Most Recent