El Clásico ပွဲအပြီးတွင် VAR ကို ဝေဖန်ခဲ့သည့် ကိုးမန်း (၄)ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိနေ

El Clásico ပွဲအပြီးတွင် VAR ကို ဝေဖန်ခဲ့သည့် ကိုးမန်း (၄)ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 6 November 2020

ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ် ကိုးမန်းသည် El Clásico ပွဲအပြီးတွင် VAR စနစ်ကို ဝေဖန်ပြစ်တင်ခဲ့သောကြောင့် (၄)ပွဲ ပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိကြောင်း သိရသည်။

    

ဘာစီလိုနာအသင်းသည် အောက်တိုဘာ (၂၄)ရက်က နူးကမ့်ကွင်း၌ ကစားသည့် El Clásico  ပွဲတွင် အဓိကပြိုင်ဘက် ရီးယဲလ် အသင်းအား (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အငြင်းပွားဖွယ်အခြေအနေတွင် ပယ်နယ်တီပေးခဲ့ခြင်းအတွက် ၎င်းက ဝေဖန်ပြစ်တင်ခဲ့သည်။ 

"ကျွန်တော်တို့ကစားခဲ့တဲ့ ပွဲအားလုံးမှာ အဲဒီဟာ(VAR) က ဘာစီလိုနာကိုပဲ အမြဲဆန့် ကျင်နေခဲ့တယ်။ ကျွန်တော်တို့ ဘယ်တုန်းကမှ မျက်နှာသာပေးမခံရပါဘူး။ ဂီတာဖေး၊ ဆီဗီလာတို့နဲ့ပွဲတွေမှာလည်း အခုလိုပဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီဟာက ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ပြောတာပါ"ဟု ကိုးမန်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    

သို့ဖြစ်ရာ ကိုးမန်းအနေဖြင့် (၄)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေကြောင်း Marca သတင်းစာက သုံးသပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။ 



ဘာစီလိုနာအသင်းသည် လာလီဂါပြိုင်ပွဲတွင် (၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားပြီး အမှတ်ပေးဇယားတွင် အဆင့် (၁၂)နေရာ ရောက်ရှိနေသည်။

Most Read

Most Recent