ကမ္ဘာ့ရွှေစျေး ၂၀၃၁ ဒေါ်လာ ဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်း ရွှေစျေးနှုန်း ကျပ် ၁၃၃၃၀၀၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေစျေး ၂၀၃၁ ဒေါ်လာ ဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်း ရွှေစျေးနှုန်း ကျပ် ၁၃၃၃၀၀၀ ဝန်းကျင်ရှိနေ
  ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
Published 10 August 2020

၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၀ ရက်တွင် ကမ္ဘာ့ရွှေစျေး ၂၀၃၁ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၃၂၇၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့် နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၄၀၀၀  ဖြစ်သည်။

 ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက် တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၀ ပြည့်နှစ် သြ ဂုတ် ၆ ရက်တွင် ကျပ် ၁၃၃၄၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း လအ လိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေစျေးနှုန်း များမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင်    ကျပ် ၁၂၁၄၀၀၀ -၁၂၆၂၂၀၀၊ မတ်တွင်   ကျပ် ၁၁၃၆၀၀၀- ၁၂၂၅၀၀၀၊ ဧပြီတွင်  ကျပ် ၁၁၄၅၀၀၀-၁၁၉၄၀၀၀၊ မေတွင် ကျပ် ၁၁၆၉၅၀၀- ၁၂၃၆၀၀၀၊ ဇွန်တွင် ကျပ် ၁၂၀၇၅၀၀-၁၂၂၀၀၀၀၊ ဇူလိုင်တွင် ကျပ် ၁၂၁၆၀၀၀-၁၃၀၂၀၀၀ ဖြစ်သည်။

Most Read

Most Recent