ကမ္ဘာ့ရွှေစျေးသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၈ ရက်တွင် ၁၉၃၉ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၂၉၉၅၀၀ ဝန်းကျင်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိ မြင့်တက်ခဲ့သည်။ သြဂုတ်လအတွင်းတွင်လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ကျပ် ၁၁၅၄၉၀၀၊ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၁၂၈၂၀၀၀၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀ အထိ စံချိန်သစ်တင်ခဲ့သည်။
၂၀၁၆ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀ ဖြစ်သည်။
ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ခြင်းဖြစ်သည်။










