ပရီးမီးယားလိဂ်နှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်နှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 18 December 2017

အဲဗာတန် - ဆွမ်ဆီး ( မြန်မာစံတော်ချိန် ၁၉-၁၂-၂၀၁၇ နံနက် ၂း၃၀)

အဲဗာတန်က ခြေစွမ်းပိုင်းတိုးတက်လာတယ်ဆိုတာထက် စိတ်ပိုင်းဆိုင်ရာမှာအားပိုကောင်းလာတယ်။ အထူးသဖြင့်ယုံကြည်မှုမြင့်တက်လာတာကိုတွေ့ ရတယ်။ လူအင်အားကတော့ ဆွမ်ဆီးထက်သာပြီးသားပါ။ လက်ရှိစိတ်ဓာတ်ပိုင်းနဲ့ဆိုရင် (၃)မှတ်ယူဖို့မခက်ပါဘူး။

မာလာဂါ - ဘက်တစ် ( မြန်မာစံတော်ချိန် ၁၉-၁၂-၂၀၁၇ နံနက် ၂း၃၀)

မာလာဂါ ခြေမှန်လာနေပါပြီ။ နောက်ဆုံး (၅)ပွဲမှာ အဝေးကွင်း (၂)ပွဲဖြစ်တဲ့ ဗီလာရီးယဲလ်နဲ့ ရီးယဲလ်မက်ဒရစ်ကိုပဲအရေးနိမ့်ထားတယ်။ အဲဒီ (၅)ပွဲစလုံး ကစားပုံမှာလည်း တိုးတက်မှုပြနေလို့ အဝေးကွင်းခြေမမှန်တဲ့ ဘက်တစ်ကိုလည်း ကောင်းကောင်းယှဉ်ကစားနိုင်မှာသေချာပါတယ်။ မာလာဂါပဲကြိုက်တယ် ဂိုးနည်းမယ်။

Most Read

Most Recent