လူပေါင်း ၂၀၀ ဝန်းကျင်သေဆုံးခဲ့သည့် ဖားကန့်ဒေသကျောက်စိမ်းလုပ်ကွက်အနီးရှိ ဝှေခါကျေးရွာအထိ မြေများတောက် လျှောက်နိမ့်ဆင်းပြိုကျသဖြင့် အိမ်ခြေ ၅၀ ကျော် ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများနှင့် အုပ်ချုပ်ရေးအဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကျောက်မျက်ကုမ္ပဏီလုပ်ကွက် (ဒေသအခေါ် တစ်သုံးလုံး ကုမ္ပဏီလုပ်ကွက်)မှာ ဝှေခါကျေးရွာအတွင်းရှိ လဂူးချောင်၊ ဂျန် ခါ၊ ဝှေခါ ရပ်ကွက် ၂ များနှင့်ထိစပ်နေပြီးဇူလိုင် ၁၀ ရက် ည ၁၁ နာရီဝန်ကျင်းတွင် ကြီးမား သော မြေပြိုကျမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။
ဆိပ်မူကျေးရွာအုပ်စု NLD ပါတီဥက္ကဌ ဦးရွှေသိန်းက “ မနေ့ကပြိုတာက ဂျန်ခါဘက် ကပေါ့။ ဇူလိုင် ၂ ရက်နေ့ပြိုတဲ့ ကျင်းထဲပြိုကျ တာပေါ့။ပတ်ပတ်လည်က ကမ်းပါးကြီးတွေ ဖြစ်သွားတော့ မြေပြိုနိုင်တဲ့ အနေအထားဖြစ် သွားတာ။ အရင်ပြိုတာ လဂူးချောင်ဘက်၊ မနေ့ကပြိုတာ ရပ်ကွက် ၂ ဝှေခါစျေးဘက်ပေါ့။ ကျင်းကြီးက ပတ်လည်မိုင်ချီပြီးရှိတာ။ ဒယ် အိုးကြီးလို ဖြစ်နေတာပေါ့။ အိမ်တွေက နေ့ လည်ပဲ လူနေရဲတယ်။ ညဆိုရင်တစ်ခြားမှာ သွားအိပ်ကြရတယ်။ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လာတုန်းကလည်း တင်ပြဖို့ လုပ်တာကို တင်ပြခွင့်မကြုံလိုက်ရ ဘူး။စာတော့ ပေးလိုက်တယ်လို့ သိရတယ်။အိမ်ခြေတွေများတယ်။ မြေပြိုနိုင်တာ” ဟု ပြောကြားသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါ ကျေးရွာအုပ်စု၊ ဧရာရတနာလုပ်ကွက် ဟောင်းတွင် ဇူလိုင် ၂ ရက် နံနက် ၈ နာရီခန့် က မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြေပြို မှုမှာ မြေသားမှန်ပြိုကျခြင်းဖြစ်ပြီး အမြင့်ပေ တစ်ထောင်ဝန်းကျင်မှ မြေသားစိုင်ပေ ၃၀၀ ခန့် ကျောက်မျက်တူးဖော်ထားသည့် ကျင်း ဟောင်းအတွင်း လျှောပြိုကျရာမှ ၁၀ ပေခန့် ရေလှိုင်းကြီးများတက်လာကာ အခြားရေ ကန်ဘေးမှ ကျောက်တူးနေသူများကို ဆွဲချ ရာမှ သေဆုံးကြခြင်းဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသတွင်မြေပြိုမှုမှာ လစဉ် တိုင်းနေရာအနှံ့ဖြစ်နေပြီး အထူးသဖြင့် မိုး ဦးရာသီမှာ မိုင်းဒဏ်၊ သဘာဝဒဏ်များ ကြောင့် အက်ကြောင်းများမှ တစ်ဆင့် မိုးရေ ဝင်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန် များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများ မြေလျှောခြင်းများ၊ ယင်းမြေသားပြိုကျမှုများ ကြောင့် အောက်ခြေရေအိုင်မှ လှိုင်းလုံးကြီး များကြောင့်ရေအိုင်ကမ်းပါးတွင် ကျောက် ရှာနေသူများ သေဆုံးမှု မကြာခဏဖြစ်ပွား လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ်အတွင်း မြေပြို၊ မျော ချောင်းပေါက်ကျမှုများ၊ ခြေချော်ပြုတ်ကျမှု များကြောင့် လူသေဆုံးမှု ၃၀ နီးပါးရှိခဲ့ ကြောင်း အစိုးရ မှတ်တမ်းများအရ သိရ သည်။















