ဇွန် ၄ ရက်အထိ မြန်မာအပါအဝင် အာရှနိုင်ငံပေါင်း ၁၈ နိုင်ငံတွင် COVID-19 ဓာတ်ခွဲပိုးတွေ့ လူနာပေါင်း ၅၆၀၀၀၀ ကျော်ရှိပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ် ပြန်ထားသည်။
အာရှနိုင်ငံအချို့၏ COVID -19 ရောဂါဖြစ်ပွားမှုအခြေအနေ အရ အိန္ဒိယနိုင်ငံတွင် ဓာတ်ခွဲ အတည်ပြုလူနာ ၂၁၀၀၀၀ ကျော်၊ စင်ကာပူနိုင်ငံတွင် ၃၆၀၀၀ ကျော်၊ ကာတာနိုင်ငံတွင် ၆၂၀၀၀ ကျော်၊ ဂျပန်နိုင်ငံတွင် ၁၇၀၀၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံတွင် ၂၈၀၀၀ ကျော်၊ ကိုရီးယားနိုင်ငံတွင် ၁၁၀၀၀ ကျော်၊ ယူအေအီးနိုင်ငံတွင် ၃၆၀၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ၅၅၀၀၀ ကျော်၊ မလေးရှား နိုင်ငံတွင် ၇၉၀၀ ကျော်၊ ထိုင်းနိုင်ငံ တွင် ၃၁၀၀ ကျော်၊ သီရိလင်္ကာနိုင်ငံ တွင် ၁၇၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံ တွင် ၃၂၈ ဦး၊ မြန်မာနိုင်ငံတွင် ၂၃၆ ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၂၅ ဦး၊ နီပေါနိုင်ငံတွင် ၂၃၀၀ ၊ လာအို နိုင်ငံတွင် ၁၉ ဦးနှင့် ဘူတန်နိုင်ငံ တွင် ၄၇ ဦးရှိပြီဖြစ်သည်။
ဇွန် ၆ ရက် ညပိုင်းထုတ်ပြန် ချက်အရ မြန်မာနိုင်ငံတွင် COVID -19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ ၂၄၀ ရှိပြီဖြစ်ပြီး သေဆုံးသူ ခြောက်ဦးရှိသည်။
အာရှနိုင်ငံအလိုက် သေဆုံး သူဦးရေ စာရင်းအရ အိန္ဒိယနိုင်ငံ တွင် ၆၀၇၅ ဦး၊ စင်ကာပူနိုင်ငံတွင် ၂၄ ဦး၊ ကာတာနိုင်ငံတွင် ၄၅ ဦး၊ ဂျပန်နိုင်ငံတွင် ၉၀၃ ဦး၊ အင်ဒိုနီး ရှားနိုင်ငံတွင် ၁၆၈၉ ဦး၊ ကိုရီးယား နိုင်ငံတွင် ၂၇၃ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ၇၄၆ ဦး၊ ယူအေအီးနိုင်ငံ တွင် ၂၇၀၊ မလေးရှားနိုင်ငံတွင် ၁၁၅ ဦး၊ ထိုင်းနိုင်ငံတွင် ၅၈ ဦး၊ သီရိ လင်္ကာနိုင်ငံတွင် ၁၁ ဦး၊နီပေါနိုင်ငံ တွင် ကိုးဦး၊ မြန်မာနိုင်ငံတွင်ခြောက် ဦးနှင့် ကျန်နိုင်ငံများတွင် သေဆုံး သူမရှိကြောင်း ထုတ်ပြန် ကြေညာ ထားသည်။
ဇွန် ၃ ရက်က Johns Hopkins Dash board တွင်ဖော်ပြချက်အရ တစ်ကမ္ဘာလုံးတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၆၄ သိန်း ကျော်၊ သေဆုံးသူ ၃၈၀၀၀၀ ကျော် ရှိပြီဖြစ်ပြီး သေဆုံးမှု ခြောက်ရာ ခိုင်နှုန်းကျော်လာပြီဖြစ်သည်။ လက်ရှိ ရောဂါဖြစ်ပွားမှုအနေဖြင့် အမေရိကန်၊ ဘရာဇီး၊ ရုရှားနိုင်ငံ နှင့် ယူကေတို့တွင် ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်မားနေဆဲဖြစ်ပြီး မြန် မာနိုင်ငံနှင့် ဆက်သွယ်မှုများသော အရှေ့တောင်အာရှနိုင်ငံများနှင့် အခြားနိုင်ငံများအနက် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ ယူအေ အီး၊ အင်ဒိုနီးရှားနိုင်ငံတို့တွင် နေ့ စဉ် ဓာတ်ခွဲအတည်ပြုလူနာအသစ် တွေ့ရှိမှုများ မြင့်မားလျက်ရှိနေ သည်။
■ မြန်မာနိုင်ငံနှင့် COVID -19အခြေအနေ
ဇွန် ၆ ရက် ညပိုင်းအထိမြန်မာနိုင်ငံတွင် COVID -19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၄၀ ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ပိုးတွေ့ လူနာအများဆုံးဖြစ်သည်။ ပိုးတွေ့ လူနာများအနက် ပြည်ပနိုင်ငံများမှ ကူးစက်သူ ၃၃ ရာခိုင်နှုန်းရှိပြီး နိုင်ငံ တွင်း ကူးစက်သူ ၆၇ ရာခိုင်နှုန်း အထိရှိရာ Facility Quarantine မှ တွေ့ရှိသူ ၆၃ ရာခိုင်နှုန်း၊ စောင့် ကြည့်လူနာ ၂၇ ရာခိုင်နှုန်း၊ Home Quarantine မှ ခုနစ်ရာခိုင်နှုန်း၊ Hotel & Hospital Quarantine မှ သုံးရာခိုင်နှုန်းရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပိုးတွေ့လူနာများတွင် ရောဂါ လက္ခဏာရှိသူ ၄၅ ရာခိုင်နှုန်း၊ ရော ဂါလက္ခဏာမပြသူ ၅၃ ရာခိုင်နှုန်း နှင့် ဓာတ်ခွဲအတည်ပြုပြီးမှ ရောဂါ လက္ခဏာပြသူ နှစ်ရာခိုင်နှုန်းခန့် ရှိရာ COVID -19 ဖြစ်ပွားသူများ တွင် နောက်ခံရောဂါမရှိသူ ၈၇ ရာ ခိုင်နှုန်းကျော်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံ၌ ကယားပြည်နယ်မှ လွဲ၍ ကျန်တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် ပိုးတွေ့ရှိရပြီး မြို့နယ် များအနေဖြင့် မြို့နယ် ၃၃၀ အနက် ၅၇ မြို့နယ်တွင် ပိုးတွေ့ရှိ ထားကာ ကျန်မြို့နယ်များတွင် ပိုးတွေ့ လူနာ မရှိဟု ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်တွင် ဖော်ပြထား သည်။
မြန်မာနိုင်ငံတွင် ဇွန် ၆ ရက် အထိ ဓာတ်ခွဲစစ်ဆေးပြီးသူပေါင်း ၃၃၅၈၇ ဦးရှိ ပြီး စောင့်ကြည့်လူနာ ၅၁၅၆ ဦး ကျန်ရှိနေသေးသည်။ COVID-19 နှစ်ကြိမ်ဆက်ပိုးမတွေ့ ရှိသူ ၁၅၁ ဦးအနက် ၁၃၅ ဦး ဆေးရုံဆင်းသွားပြီဖြစ်ပြီး ဆေးရုံများ၌ ဆေးကုသမှုခံယူနေသူ ၉၅ ဦးကျန်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ပြည်ပမှ ပြန်လာသူများကို COVID -19 ရောဂါပိုးရှိမရှိ ဦးစားပေး စစ်ဆေးနေပြီး Quarantine ဝင်သူများ စည်းကမ်းများကို လိုက်နာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ် ပြန်ထားသည်။
လက်ရှိကာလတွင် ဝန်ကြီးဌာန အနေ ဖြင့် ပြည်ပမှ ပြန်လာသူများကို COVID -19ရောဂါပိုးရှိမရှိ ဦးစား ပေးစစ်ဆေးနေပြီး ပြည်ပမှပြန်လည် ဝင်ရောက်လာသူများအနေဖြင့် မိမိကိုယ်တိုင်သာမက မိမိနှင့်အတူ ဝင်ရောက်လာသူများ၌ ရောဂါကူး စက်မှုရှိနေနိုင်ပြီး ရောဂါပိုးသယ် ဆောင်လာသူများဖြစ်နေနိုင်သည့် အတွက် သတ်မှတ်အဆောက်အအုံ နေရာများတွင် အသွားအလာကန့် သတ်ထားရှိချိန်တွင်သတ်မှတ်ထား သော စည်းကမ်းချက်များကို တိတိ ကျကျလေးလေးနက်နက် ထားပြီး လိုက်နာကြရန် ယခုကာလမှာအရေး ကြီးကြောင်း နှိုးဆော်ထားသည်။
■ အာရှနိုင်ငံအချို့ရဲ့ COVID -19ရောဂါ ဖြစ်ပွားမှုအခြေအနေ
ဇွန် ၄ ရက်က မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံပေါင်း ၁၅ နိုင်ငံတွင် တစ်ရက်အတွင်း COVID -19အတည်ပြုလူနာ အသစ်ထပ် တိုး တွေ့ရှိသူပေါင်း ၁၆၀၀၀ ကျော် ရှိခဲ့သည်။ အာရှနိုင်ငံများအနက် လူဦးရေသန်းပေါင်း ၁၃၆၈ ကျော် ရှိသည့် အိန္ဒိယနိုင်ငံတွင် COVID -19 အတည်ပြု လူနာ ၂၁၀၀၀၀ ကျော်ရှိနေပြီး ရောဂါကူးစက် ဖြစ် ပွားမှု အများဆုံးနိုင်ငံထဲတွင် ပါဝင်နေသည်။
အိန္ဒိယ၏ပြည်နယ်များတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုတားဆီးရေး Lockdown စီမံချက်များ ဆက်လက်ထား ရှိရမည့် ကူးစက်မှုအန္တရာယ် မြင့် မားသည့်ဇုန်များကို ဖော်ထုတ်ရန် တာဝန်ရှိသူများက မေ ၃၁ရက်တွင် ကြိုးပမ်းစဉ် နိုင်ငံထဲရှိ ကျန်နေရာ များတွင်မူ ဇွန်၌ ကန့် သတ်ချက်များ ရုပ်သိမ်းပြီး ပြန်လည်ဖွင့်လှစ်မှုကို အရှိန်မြှင့်ခဲ့ကြသည်။
ကူးစက်သူအရေအတွက် စံချိန်တင် မြင့်မားနေဆဲဖြစ်သည့် ကူးစက်ဇုန်များဟု ခေါ်သောနေရာ များတွင် Lockdown စီမံချက်များ ကို ဇွန် ၃၀ ရက်အထိ သက်တမ်း တိုးကြောင်း ဝန်ကြီးချုပ် နရင်ဒရာ မိုဒီ၏အစိုးရက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယတွင် မေ ၃၁ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၂၀၀၀ အနက် ၅၁၆၄ ဦးသေဆုံး ခဲ့ပြီဖြစ်သည်။
အိန္ဒိယ၏လူဦးရေအထူထပ် ဆုံး ပြည်နယ်ဖြစ်သော ဥတ္တရပရာ ဒေ့ရှ်ပြည်နယ်တွင် ကူးစက်မှုမြင့် မားသည့်ဇုန် ၁၁၁၁ ခုကို ဖော်ထုတ် နိုင်ခဲ့ပြီး နိုင်ငံအနောက်ဘက်
ဂူဂျရတ် ပြည်နယ်တွင် နေအိမ် ၄၀၀၀၀၀ ကျော်သည် ကူးစက်မှု မြင့်မားသော ဇုန်များအဖြစ် သတ် မှတ်ထားကြောင်း အာဏာပိုင်များ က ပြောကြားခဲ့ကြသည်။
လူဦးရေ ၁ ဒသမ ၃ ဘီလျံ ကျော်ရှိသော အိန္ဒိယတွင် ကပ်ရော ဂါမှ တားဆီးရန် အစိုးရက အလွန် တင်းကျပ်သော Lockdown စီမံချက်များကို နှစ်လကြာ ချမှတ်ခဲ့ သော်လည်း ပြီးခဲ့သော နှစ်ရက်အ တွင်း နေ့အလိုက်ကူးစက်သူ အရေ အတွက်သည် စံချိန်တင်မြင့်တက် ခဲ့သည်။
အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည် ဇွန် ၃ ရက်က ၂၀၀ç၀၀၀ ကျော် သွားခဲ့ ကြောင်း တရားဝင်စာရင်းအင်းများ က ဖော်ပြခဲ့ပြီး ကူးစက်ခံရမှု အမြင့် ဆုံး အခြေအနေသို့ ရောက်ရှိရန် သီတင်းပတ် များစွာလိုနေဆဲဖြစ် ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ပြောကြားခဲ့သည်။
ဇွန် ၂ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈,၉၀၉ ဦး ရှိခဲ့ပြီး တစ်ရက်အတွင်း ကူးစက်ခံရမှု အမြင့်ဆုံး စံချိန်တင်ရက် တစ်ရက် ဖြစ်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၀၇,၆၁၅ ဦး အထိ ရှိလာခဲ့သည်။ ကိုရိုနာဗိုင်း ရပ်စ်ကြောင့် သေဆုံးသူ ၅,၈၁၅ ဦး ရှိပြီဖြစ်သော အိန္ဒိယသည် အခြား နိုင်ငံကြီးများနှင့် နှိုင်းယှဉ်ပါက သေ ဆုံးမှု နည်းပါးခဲ့ပြီး ကမ္ဘာတွင် ဗိုင်း ရပ်စ်ကူးစက်မှု၌ သတ္တမမြောက် အဆိုးဆုံးနိုင်ငံ ဖြစ်ခဲ့သည်။
အလားတူ အိန္ဒိယ၏အိမ်နီး ချင်း ဘင်္ဂလားဒေ့ရှ်တွင် မေ ၃၁ ရက်၌ COVID-19 အတည်ပြု လူနာသစ် ၂၅၄၅ ဦးနှင့် သေဆုံး သူ ၄၀ အထိ စံချိန်တင်မြင့်တက်ခဲ့ သည်။
မေ ၃၀ ရက်တွင် အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ထံမှ ကပ်ရောဂါဆိုင်ရာ အရေးပေါ် ချေး ငွေရရှိခဲ့သော ဘင်္ဂလားဒေ့ရှ်က မေ ၃၁ ရက်တွင် Lockdown စီမံချက် များ ရုပ်သိမ်းပေးခဲ့ရာ လူသန်းနှင့် ချီသည် လူဦးရေထူထပ်သော မြို့ ကြီးများနှင့် မြို့များတွင် လုပ်ငန်း ခွင်များသို့ ပြန်လည် ဝင်ရောက်ခဲ့ ကြသည်။
ဗိုင်းရပ်စ်ကူးစက်မှုကို တား ဆီးရန်အတွက် မတ် ၂၆ ရက်တွင် ချမှတ်ခဲ့သော Lockdown စီမံ ချက်များအား ဘင်္ဂလားဒေ့ရှ်အစိုးရ က မကြာသေးမီ သီတင်းပတ်များ အတွင်း တဖြည်းဖြည်း ရုပ်သိမ်းပေး ခဲ့သည်။
လူဦးရေ ၁၆၈ သန်းရှိသော ဘင်္ဂလားဒေ့ရှ်တွင် COVID-19 အတည်ပြုလူနာ ၄၇၁၅၁ ဦးအနက် သေဆုံးသူ ၆၅၀ ရှိထားသည်။ သို့သော် ရောဂါစစ်ဆေးမှုသည် လုံ လောက်ခြင်းမရှိသောကြောင့် အမှန်တကယ် အရေအတွက်သည် ယင်းထက်အလွန်အမင်း မြင့်မား နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားကြသည်။
ထို့ပြင် ဂျပန်နိုင်ငံတွင် ဇွန် ၁ ရက်အထိ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇ç၀၀၀ အနက် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀၀ ခန့်ရှိပြီ ဖြစ်သည်။ ပြည်ပခရီးသည်များထံမှ ဗိုင်းရပ်စ်ပျ့ံနှံ့မှုကို ထိန်းချုပ်ရန် အတွက် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသား ဝင်ရောက်မှုကို ဖေဖော်ဝါရီတွင် စတင်တားမြစ်ပိတ်ပင်ခဲ့ သည်။ လက်ရှိတွင်မူ ဂျပန်နိုင်ငံတွင် ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ယခုနှစ် အစောပိုင်းတွင် ချမှတ်ထားသည့် ကန့်သတ်ချက်များကို စတင်ဖြေလျှော့ခဲ့ပြီးနောက် COVID-19 ကူးစက်မှု ပမာဏ နည်းပါးသည့် သတ်မှတ်ထားသော နိုင်ငံအချို့မှ ခရီးသွား များအတွက် နယ်စပ်ဒေသများ ပြန်လည်ဖွင့် လှစ်ပေးရန် အစိုးရအဖွဲ့က စဉ်းစား နေသည်ဟု ဆိုသည်။
ဂျပန်နှင့်အတူ ထိုင်း၊ ဗီယက်နမ်၊ သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံတို့သည် Trans-Pacific Partnership (TPP-11) ၏ အဖွဲ့ဝင် များဖြစ်ပြီး ယင်းလေးနိုင်ငံသည် ဂျပန်နှင့် ခိုင်မာသည့်ကုန်သွယ်မှု ဆက်ဆံရေးရှိသည့် နိုင်ငံများဖြစ်သည်။
အရှေ့တောင်အာရှတွင် ကမ္ဘာလုံးဆိုင်ရာ COVID-19 ကူးစက်မှု ၏ ၄ ဒသမ ၄ ရာခိုင် နှုန်းမျှသာတွေ့ရှိ ပြီး အမေရိကနှင့် ဥရောပတို့ တွင် ဗိုင်းရပ်စ်ကူးစက်မှုများထက် အများ ကြီး နည်းပါးကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ တစ်ဝန်းဗိုင်းရပ်စ် ကူးစက်မှုတွင် အမေရိကနိုင်ငံများနှင့် ဥရောပတို့ တွင် ဗိုင်းရပ်စ်ကူးစက်မှုသည် ကမ္ဘာ တစ်ဝန်းကူးစက်မှု၏ ၄၀ ရာခိုင်နှုန်း စီရှိသည်ဟု WHO က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးများ မဟာမိတ် အဖွဲ့ (Gavi) က အလားအလာရှိ COVID -19 ကာကွယ်ဆေးများ ဝယ်ယူရန်၊ အများအပြားထုတ်လုပ် ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပေးပို့မှု ကို ထောက်ပ့ံပေးရန်အတွက် အစီ အစဉ်သစ်တစ်ခုကိုလည်း စတင်ခဲ့ ပြီး ထိုအစီအစဉ်အတွက် လျာထား ရန်ပုံငွေဒေါ်လာ ၅၆၇ သန်း ရရှိခဲ့ပြီး ဖြစ်ရာ COVID-19 အတွက် ကာကွယ်ဆေးအား ဖန်တီးနိုင်ခဲ့ပါက အဆင်းရဲဆုံးနိုင်ငံများအတွက် ဝယ်ယူနိုင်ရန် Gavi က မျှော်လင့်ထားကြောင်း မိုက်ခရိုဆော့ဖ် ထူထောင်သူ ဂိတ်ကပြောကြားထားကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြထားသည်။










