ကာပယ်လိုက "စပိန်မှာ ကပ်ဘေးကာလအတွင်း ဘဏ္ဍာရေးအရ တောင့်ခံနိုင်တာ ရီးယဲလ်မက်ဒရစ်တစ်သင်းပဲ ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ တခြား လာလီဂါထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုအသင်းတို့ကတော့ ဘဏ္ဍာရေးအကျပ်အတည်းကို ဆိုးဆိုးရွားရွား ရင်ဆိုင်ရဖို့ ရှိနေပါတယ်" ဟု ပြောကြားခဲ့သည်။
ရီးယဲလ်နှင့် အင်္ဂလန်အသင်းနည်းပြဟောင်း ကာပယ်လိုက လာလီဂါ ပြိုင်ပွဲတွင် ဘဏ္ဍာရေးအကျပ်အတည်းကို ရီးယဲလ်အသင်းသာ တောင့်ခံနိုင်မည်ဖြစ်ပြီး အခြားအသင်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများမှာ ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး ကစားသမားများကို လစာလျှော့ချခြင်း၊ ဝန်ထမ်းများကို ယာယီအနားပေးခြင်းများပင် ရှိနေသည်။
ကာပယ်လိုက "စပိန်မှာ ကပ်ဘေးကာလအတွင်း ဘဏ္ဍာရေးအရ တောင့်ခံနိုင်တာ ရီးယဲလ်မက်ဒရစ်တစ်သင်းပဲ ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ တခြား လာလီဂါထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုအသင်းတို့ကတော့ ဘဏ္ဍာရေးအကျပ်အတည်းကို ဆိုးဆိုးရွားရွား ရင်ဆိုင်ရဖို့ ရှိနေပါတယ်" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကာပယ်လိုက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကစားသမားအပြောင်းအရွှေ့စျေးကွက်ကို ပြောင်းလဲစေမည်ဟုလည်း ပြောကြားခဲ့သည်။ "ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကစားသမားအပြောင်းအရွှေ့စျေးကွက် ပြောင်းလဲသွားပါလိမ့်မယ်။ ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးတွေက သင့်တင့်တဲ့စျေးနှုန်းတွေ ဖြစ်လာပါလိမ့်မယ်။ အပြောင်းအရွှေ့စျေးကွက်မှာ အတ္တသမားတွေ ဒုက္ခရောက်လိမ့်မယ်"ဟု La Gazzetta dello Sport သို့ ပြောကြားခဲ့သည်။