မန်ယူအသင်းသည် အသင်း၏ ညာတောင်ပံတွင် အင်္ဂလန်နောက်ခံလူ ဝမ်ဘစ်ဆာကာအား အဓိကကစားသမားအဖြစ် အသုံးပြုလျက်ရှိပြီး ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရသူ ဒါလော့အား ပြန် လည်ရောင်းချရန် စီစဉ်နေခြင်းဖြစ်သည်။
မန်ယူအသင်း ရောင်းချရန်စီစဉ်နေသော ပေါ်တူဂီနောက်ခံလူ ဒါလော့အား ခေါ် ယူရန် ပြင်သစ်ကလပ် PSG အသင်းကပစ် မှတ်ထားနေပြီး လာမည့်နွေရာသီအပြောင်း အရွှေ့ ကာလတွင် ကမ်းလှမ်းသွားမည်ဖြစ် ကြောင်း ပေါ်တူဂီသတင်းစာ O Jogo က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် အသင်း၏ ညာတောင်ပံတွင် အင်္ဂလန်နောက်ခံလူ ဝမ်ဘစ်ဆာကာအား အဓိကကစားသမားအဖြစ် အသုံးပြုလျက်ရှိပြီး ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရသူ ဒါလော့အား ပြန် လည်ရောင်းချရန် စီစဉ်နေခြင်းဖြစ်သည်။
မန်ယူအသင်းသည် ဒါလော့အတွက် ပြောင်း ရွှေ့ကြေးကို ယူရိုသန်း(၄၀)ခန့် အလိုရှိနေကြောင်း သိရသည်။ PSG အသင်းသည် အသင်းနှင့် စာချုပ်သက်တမ်း တိုးမြှင့်ခြင်းမရှိ ဘဲ အသင်းမှ ထွက်ဖွယ်ရှိနေသည့် ဘယ်လ်ဂျီ ယံနောက်ခံလူ မြူနီယာ၏နေရာတွင် ဒါလော့ကို အစားထိုးလိုနေခြင်းဖြစ်သည်။