ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ အန်ဒွန်ဘီလီသည် စပါးအသင်းတွင် အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး ဘာစီလိုနာအသင်းက နောက်ခံလူ အမ်တီတီ(သို့မဟုတ်)ဆယ်မီဒိုနှင့် ၎င်းကိုလဲလှယ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
စပါးအသင်းနည်းပြ မော်ရင်ဟိုသည် ဘာစီလိုနာအသင်း စိတ်ဝင်စားနေသည်ဟု သတင်းထွက်ပေါ်နေသော အသင်း၏ကွင်းလယ်လူ အန်ဒွန်ဘီလီကို လက်လွှတ်ခံမည် မဟုတ်ဘဲ အသင်းတွင် ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း သိရသည်။
ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ အန်ဒွန်ဘီလီသည် စပါးအသင်းတွင် အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး ဘာစီလိုနာအသင်းက နောက်ခံလူ အမ်တီတီ(သို့မဟုတ်)ဆယ်မီဒိုနှင့် ၎င်းကိုလဲလှယ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
သို့သော် မော်ရင်ဟိုသည် ဘာစီလိုနာအသင်းမှ ယင်းကစားသမားနှစ်ဦးကို ခေါ်ယူရန် ဆန္ဒမရှိသလို၊ အသင်း၏ ကြေးအကြီးဆုံးကစားသမား အန်ဒွန်ဘီလီကိုလည်း လမ်းမခွဲလိုသေးကြောင်း သိရသည်။ အန်ဒွန်ဘီလီသည် ၂၀၁၉ နွေရာသီက ပြင်သစ်ကလပ် လိုင်ယွန် အသင်းမှစပါးအသင်းသို့ ကလပ်စံချိန် ပေါင် (၅၆)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။