ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုး ရိုက်ခတ်မှုကြောင့် ဘန်လေအသင်းမှာ ဘဏ္ဍာရေးအခက်အခဲကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရပြီး အသင်းနည်းပြ ရှောင်ဒိုက်ကိုလည်း ဆက်လက်ထိန်းသိမ်းထားရန် မလွယ်ကူကြောင်း သတင်းများထွက်ပေါ်နေသည်။
ဘန်လေအသင်းနည်းပြ ရှောင်ဒိုက်အား ခေါ်ယူရန် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းနှစ်သင်း ဖြစ်သည့် ဗီလာအသင်းနှင့် ခရစ္စတယ်ပဲလေ့စ် အသင်းတို့က အပြိုင်ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုး ရိုက်ခတ်မှုကြောင့် ဘန်လေအသင်းမှာ ဘဏ္ဍာရေးအခက်အခဲကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရပြီး အသင်းနည်းပြ ရှောင်ဒိုက်ကိုလည်း ဆက်လက်ထိန်းသိမ်းထားရန် မလွယ်ကူကြောင်း သတင်းများထွက်ပေါ်နေသည်။
သို့ဖြစ်ရာ ဗီလာအသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့သည် လက်ရှိ နည်းပြများ၏နေရာတွင် ၎င်းနှင့် အစားထိုးရန် ဆန္ဒရှိနေပြီး ဘန်လေအသင်း၏ အခြေအနေကို စောင့်ကြည့်လျက်ရှိနေကြကြောင်း သိရှိရသည်။
ရှောင်ဒိုက်သည် ဘန်လေအသင်းကို ၂၀၁၂၊ အောက်တိုဘာလကတည်းက နည်းပြခဲ့သူဖြစ်ပြီး ယခုရာသီတွင် သူ၏အသင်းမှာ ပွဲစဉ်(၂၉)ပွဲကစားပြီးချိန်၌ အဆင့်(၁၀)နေရာတွင် ရပ်တည်လျက်ရှိနေသည်။ ရှောင်ဒိုက်သည် ဘန်လေအသင်းကို ပြိုင်ပွဲစုံ (၃၃၈)ပွဲကိုင်တွယ်ခဲ့ရာ (၁၂၈)ပွဲအနိုင်ရကာ (၉၁)ပွဲသရေကျပြီး (၁၁၉)ပွဲ ရှုံးနိမ့်ခဲ့သည်။