ဆီဗီလာအသင်း၏နည်းပြ လိုပယ်တယ်ဟီက ယခုရာသီလက်ကျန်ပွဲစဉ်များကို ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့် ပြင်ဆင်ရန် အနည်းဆုံး အချိန်(၅)ပတ်လိုအပ်သည်ဟု ပြောကြားခဲ့သည်။
ဆီဗီလာအသင်း၏နည်းပြ လိုပယ်တယ်ဟီက ယခုရာသီလက်ကျန်ပွဲစဉ်များကို ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့် ပြင်ဆင်ရန် အနည်းဆုံး အချိန်(၅)ပတ်လိုအပ်သည်ဟု ပြောကြားခဲ့သည်။
လိုပယ်တယ်ဟီနှင့် Marca တို့ ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် "ကစားသမားတွေအားလုံးက ပြန်ကစားရမှာကို စိုးရိမ်နေကြပါတယ်။ ဒီကစားသမားတွေရဲ့ ကျန်းမာရေးအတွက် အာမခံချက်ရှိတဲ့အခြေအနေဖြစ်စေဖို့ကို ကျွန်တော်တို့လည်း လိုလားပါတယ်။ ပြင်ဆင်ချိန်နဲ့ပတ်သက်ရင်တော့ အနည်းဆုံး (၅)ပတ်လောက်လိုအပ်ပါတယ်။ ပွဲစဉ်တွေက (၃)ရက်တစ်ပွဲနှုန်းလောက် ယှဉ်ပြိုင်ကစားသွားရမှာကြောင့်ပါ။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးက မီးစိမ်းပြတဲ့အချိန်ဟာ ကျွန်တော်တို့အတွက် ပြင်ဆင်ချိန်လုံလုံလောက်လောက် ရရှိတဲ့အချိန်ဖြစ်ဖို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။