ဘုန်းသစ္စာမင်း၏ ဒဏ်ရာကို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ၌ခွဲစိတ်ကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။ ဘုန်းသစ္စာမင်းသည် ဒူးဒဏ်ရာကြောင့် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲကို လွဲချော်ခဲ့ရပြီး အနားယူနေရသည်မှာ ခြောက်လကျော်ကြာမြင့်သွားပြီဖြစ်သည်။ MFF သည် လက်ရွေးစင်ဘောလုံးသမားများ၏ ဒဏ်ရာခွဲစိတ်ကုသမှုများကို ငွေကြေးအကုန်အကျခံကာ ဆောင်ရွက်ပေးလျက်ရှိသည်။
ရှမ်းယူနိုက်တက်အသင်း၏ မြန်မာ လူငယ်လက်ရွေးစင်ဂိုးသမား ဘုန်းသစ္စာမင်း ၏ ဒဏ်ရာအခြေအနေမှာ တိုးတက်မှုရှိလာသော်လည်း ဇူလိုင်နောက်ပိုင်းမှသာ အစောဆုံး ဘောလုုံးပြန်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဘုန်းသစ္စာမင်းသည် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အောက်တိုဘာတွင် လေ့ကျင့်ရေးကွင်း၌ ရရှိသည့်ဒဏ်ရာကြောင့် အနားယူနေရပြီး ဒဏ်ရာအခြေအနေမှာ ဆိုး ရွားသောကြောင့် ဇန်နဝါရီတွင် ထိုင်းနိုင်ငံ၌ ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။
"လက်ရှိဒဏ်ရာ အခြေအနေကတော့ ခွဲစိတ်ကုသအပြီးမှာ တဖြည်းဖြည်းတိုးတက်မှုရှိလာပါတယ်။ နေ့ စဉ် လေ့ကျင့်မှုပြုလုပ်နေရပြီး လက်ရွေးစင်အသင်းက နည်းပြအဖွဲ့ဝင်တွေ၊ ဆရာဝန်တွေ ညွှန်ကြားချက်အတိုင်း လေ့ကျင့်နေပါတယ်။ ခွဲစိတ်ကုသတဲ့အချိန်မှာ ဆရာဝန်က ခြောက်လနဲ့ ရှစ်လလောက်ကြာမှ ဘောလုံးပြန်ကစား နိုင်မှာဖြစ်တာကြောင့် ဇူလိုင်နောက်ပိုင်း လောက်မှ အစောဆုံးပြန်ကစားနိုင်မှာဖြစ်ပါတယ်။ အသင်းလေ့ကျင့်မှုရပ်နားထားပေမယ့် ကျွန်တော်ကတော့ လေ့ကျင့်မှုရပ်လို့ မရပါဘူး။ ခွဲစိတ်ထားတဲ့ ခြေထောက်ပြန်ကောင်းလာဖို့ နေ့စဉ်လေ့ကျင့်နေရတာဖြစ်ပါတယ်။ ခွဲစိတ်ထားတဲ့ ခြေထောက်က လှုပ်ရှားမှုနည်းတဲ့အတွက် ကြွက်သားသန်မာမှုအပိုင်းမှာ နောက်ခြေထောက်တစ်ဖက်နဲ့ မတူပါဘူး။ ဒါကြောင့် ကြွက်သားသန်မာမှုချင်း တူညီလာအောင် တဖြည်းဖြည်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်" ဟု ဘုန်းသစ္စာမင်းက ပြောကြားခဲ့သည်။
ဘုန်းသစ္စာမင်း၏ ဒဏ်ရာကို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ၌ခွဲစိတ်ကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။ ဘုန်းသစ္စာမင်းသည် ဒူးဒဏ်ရာကြောင့် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲကို လွဲချော်ခဲ့ရပြီး အနားယူနေရသည်မှာ ခြောက်လကျော်ကြာမြင့်သွားပြီဖြစ်သည်။ MFF သည် လက်ရွေးစင်ဘောလုံးသမားများ၏ ဒဏ်ရာခွဲစိတ်ကုသမှုများကို ငွေကြေးအကုန်အကျခံကာ ဆောင်ရွက်ပေးလျက်ရှိသည်။
ဘုန်းသစ္စာမင်းသည် ရှမ်းယူနိုက်တက် လူငယ်အသင်းမှ ထွက်ပေါ်လာသည့် ဂိုးသမား ဖြစ်ပြီး ၂၀၁၈ ရာသီမှစတင်ကာ စီနီယာ အသင်းတွင် ပါဝင်ခွင့်ရခဲ့သူဖြစ်သည်။ ပြီးခဲ့သည့်ရာသီတွင် ရှမ်းယူနိုက်တက်အသင်း၏ အမာခံဂိုးသမား သီဟစည်သူသည် လက်ဒဏ်ရာရခဲ့သောကြောင့် ကာလရှည်ကြာစွာ အနားယူခဲ့ရပြီး ဘုန်းသစ္စာမင်းသည် ပွဲထွက်ခွင့်ရခဲ့သော်လည်း မြန်မာ ယူ-၂၂ အသင်း နှင့် လေ့ကျင့်ခန်းအစီအစဉ်တွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ကာလရှည်ကြာစွာ အနားယူနေရခြင်းဖြစ်သည်။