၂၀၁၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်မန်ယူအသင်းလူစာရင်း၌ပါဝင်ခွင့်မရခဲ့ခြင်းအကြောင်းကိုဘာဘာတော့ဗ် ပြန်လည်ဖွင့်ဟ

၂၀၁၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်မန်ယူအသင်းလူစာရင်း၌ပါဝင်ခွင့်မရခဲ့ခြင်းအကြောင်းကိုဘာဘာတော့ဗ် ပြန်လည်ဖွင့်ဟ
Photos: Getty Images
Photos: Getty Images
Published 29 April 2020

ဘူလ်ဂေးရီးယားလက်ရွေးစင်ဟောင်းလည်းဖြစ်သူ ဘာဘာတော့ဗ်သည် ယင်းရာသီက အသင်းအတွက် ပြိုင်ပွဲစုံ ၂၀ ဂိုးအထိ သွင်းယူပေးထားပြီး နည်းပြဖြစ်သူ ဖာဂူဆန်က ယင်းပွဲတိုက်စစ်ပိုင်းအတွက် ရွန်နီ၊ ဟာနန်ဒက်ဇ်နှင့် အိုဝင်တို့ကိုရွေးချယ်ခဲ့ကာ ၎င်းကို ချန်လှပ်ခဲ့သည်။ 

 

၂၀၁၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မန်ယူအသင်းလူစာရင်း၌ ပါဝင်ခွင့်မရရှိခဲ့ခြင်းကို မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က talkSPORT သို့ ပြန်လည်ဖွင့်ဟခဲ့သည်။ ယင်းဗိုလ်လုပွဲတွင် မန်ယူအသင်းမှာ ဘာစီလိုနာကို (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့ကာ စတုတ္ထမြောက် ချန်ပီယံလိဂ်ဖလားနှင့် လွဲချော်ခဲ့ရသည်။

ဘူလ်ဂေးရီးယားလက်ရွေးစင်ဟောင်းလည်းဖြစ်သူ ဘာဘာတော့ဗ်သည် ယင်းရာသီက အသင်းအတွက် ပြိုင်ပွဲစုံ ၂၀ ဂိုးအထိ သွင်းယူပေးထားပြီး နည်းပြဖြစ်သူ ဖာဂူဆန်က ယင်းပွဲတိုက်စစ်ပိုင်းအတွက် ရွန်နီ၊ ဟာနန်ဒက်ဇ်နှင့် အိုဝင်တို့ကိုရွေးချယ်ခဲ့ကာ ၎င်းကို ချန်လှပ်ခဲ့သည်။ 

"ပွဲမတိုင်မီ သူ(ဖာဂူဆန်)က ကျွန်တော့်ကိုခေါ်ပြီး စကားပြောခဲ့ပါတယ်။ ဒီအရာက ကျွန်တော့်ကို သတ်သလို ဖြစ်ပေမယ့် သူ့အနေနဲ့ လိုအပ်လို့ လုပ်ဆောင်ရတာပါဆိုပြီး သူက ခေါ်ပြောခဲ့တာပါ။ ဒီစကားကိုကြားရလို့ ကျွန်တော့်အဖို့ နာကျင်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ အသင်းနဲ့ ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းသူတစ်ယောက် ဖြစ်နေလို့ပါ။ ကျွန်တော့်အနေနဲ့ နေရာစုံက ဂိုးသွင်းနိုင်တယ်လို့ ယုံကြည်သူတစ်ယောက်အဖို့ အံ့အားသင့်စရာတော့ ဖြစ်ခဲ့ရပါတယ်" ဟု ဘာဘာတော့ဗ်က ပြောကြားခဲ့သည်။ 

ဖာဂူဆန်ကိုယ်တိုင်ကလည်း အစောပိုင်းကတည်းက ယင်းအခြေအနေအတွက် ဝန်ခံမှု ပြုလုပ်ထားပြီး သူ့အတွက် ခက်ခက်ခဲခဲချမှတ်ရသည့် ဆုံးဖြတ်ချက်ဖြစ်ကာ ကစားသမားမှာ သူ၏ဆုံးဖြတ်မှုကို ကောင်းမွန်စွာ လက်မခံခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

 

Most Read

Most Recent