အသက် ၆၀ အထက် လက်ရွေးစင်ဘောလုံးသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ထောက်ပံ့မည်

အသက် ၆၀ အထက် လက်ရွေးစင်ဘောလုံးသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ထောက်ပံ့မည်
Photo: EMG
Photo: EMG
Published 29 April 2020

"ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ကာလမှာ သက်ကြီးဘောလုံးသမားဟောင်းတွေ၊ ဒိုင်လူကြီးဟောင်းတွေ စားဝတ်နေရေး အဆင် ပြေအောင် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ နှုန်းတစ်ခုသတ်မှတ်ပြီး ဆန်၊ ဆီနဲ့ တခြား အစားအသောက်တွေဝယ်ပြီး ပေးပို့သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အမြန်ဆုံး ပေးပို့ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်" ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် အသက် ၆၀ နှစ်အထက် လက်ရွေးစင်ဘောလုံးသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

MFF သည် ဧပြီ ၂၇ ရက်က အစည်းအဝေးပြုလုပ်၍ ကစားသမားဟောင်းများ နှင့် ဒိုင်လူကြီးဟောင်းများအား ထောက်ပံ့ပေးမည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး  မကြာမီလိုက်လံထောက်ပံ့ပေးသွားမည်ဖြစ်သည်။ "ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ကာလမှာ သက်ကြီးဘောလုံးသမားဟောင်းတွေ၊ ဒိုင်လူကြီးဟောင်းတွေ စားဝတ်နေရေး အဆင် ပြေအောင် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ နှုန်းတစ်ခုသတ်မှတ်ပြီး ဆန်၊ ဆီနဲ့ တခြား အစားအသောက်တွေဝယ်ပြီး ပေးပို့သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အမြန်ဆုံး ပေးပို့ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်" ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။ MFF အနေဖြင့် လက်ရွေးစင် ဘောလုံးသမားဟောင်းများနှင့် ဒိုင်လူကြီးများကို စတင်ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ လောလောဆယ်စာရင်း ကောက်ခံမှုအရတော့ ဘောလုံးသမားဟောင်းတွေက ၁၇၀ လောက်ရှိပါတယ်။ နောက်ထပ် ထပ်တိုးတွေလည်းရှိလာနိုင်ပါတယ်။ အဖွဲ့ချုပ် ဥက္ကဋ္ဌ သတ်မှတ်ပေးတဲ့ နှုန်းထားအတိုင်း ကျွန်တော်တို့က ဆန်၊ ဆီနဲ့ တခြားစားသောက် ကုန်တွေဝယ်ပြီး ပံ့ပိုးပေးသွားမှာပါ။ ရန်ကုန် မြို့မှာ နေထိုင်တဲ့သူတွေကို အိမ်တိုင်ရာရောက် ပံ့ပိုးပေးသွားမှာဖြစ်ပြီး နယ်မြို့ကသူတွေကို ငွေကြေးပေးပို့ပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန် မြို့မှာ နေထိုင်တဲ့ သက်ကြီးဘောလုံးသမား တွေကို နည်းပြဟောင်းတွေကို ခရိုင်အလိုက် ခွဲပြီး ပေးပို့သွားမှာဖြစ်ပါတယ်။ သက်ကြီးဘောလုံးသမားဟောင်းတွေ မကျန်အောင် စာရင်းကောက်ခံနေပြီး အမြန်ဆုံးထောက်ပံ့ပေးသွားမှာပါ"ဟု MFF နည်းစနစ်ကော်မတီ ဥက္ကဋ္ဌ ဦးသန်းတိုးအောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌဦးဇော်ဇော်သည် ၎င်းတည်ထောင်ထားသည့် ဧရာဝတီဖောင်ဒေးရှင်းမှတစ်ဆင့်  Covid-19 ရောဂါ ကုသကာကွယ်ရေးအတွက် ကျပ်သိန်း ၁၅၀၀၀ ကျော် လှူဒါန်းထားပြီး စောင့်ကြည့်ခံရသူများ ထားရှိရန်အတွက် နေရာများလည်း ကူညီဆောင်ရွက်ပေးထားသည်။ ထို့ပြင် ကျန်းမာရေးဝန်ထမ်း များနှင့် စောင့်ကြည့်ခံရသူများအတွက် နေ့စဉ် အစားအသောက်များ ပံ့ပိုးပေးလျက်ရှိသည့်အပြင် ကျန်းမာရေးဝန်ထမ်းများ နေထိုင် သွားလာရေးအတွက်လည်း ပံ့ပိုးပေးလျက်ရှိသည်။ 

 

 

Most Read

Most Recent