UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်နှင့် သဘောတူညီမှုရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို ဇူလိုင်(၃၁)တွင် အဆုံးသတ်မည်ဖြစ်ပြီး ဥရောပပွဲစဉ်များကို ဩဂုတ်တွင်ကစားမည်

UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်နှင့် သဘောတူညီမှုရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို ဇူလိုင်(၃၁)တွင် အဆုံးသတ်မည်ဖြစ်ပြီး ဥရောပပွဲစဉ်များကို ဩဂုတ်တွင်ကစားမည်
Published 24 April 2020

ဇူလိုင်လတွင်မဖြစ်မနေ အဆုံးသတ်မှသာ UEFA လက်အောက်ရှိ ပြိုင်ပွဲကြီးနှစ်ခုဖြစ်သည့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တို့ကို ဩဂုတ်လအတွင်း အပြီးကစားမည့် အစီအစဉ်ကို အထမြောက်အောင် ကျင်းပနိုင်မည်ဖြစ်သဖြင့် ယင်းအစီအစဉ်ကိုလိုက်နာရန်လည်း UEFA က တောင်းဆိုခဲ့ကြောင်း သိရှိရသည်။ 

 

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လိဂ်ပြိုင်ပွဲများ နောက်ဆုံးထားကျင်းပချိန်နှင့် ပတ်သက်ပြီး သဘောတူညီမှုရရှိခဲ့ပြီး ဇူလိုင်(၃၁)ရက်နေ့တွင် အဆုံးသတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

ယခုရာသီတွင် ရပ်တန့်ထားရသည့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲစဉ်များကိုမူ ဩဂုတ်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ ဘောလုံးရာသီမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ကပ်ရောဂါဆိုးကြောင့် ယာယီအားဖြင့် ရပ်တန့်ထားရပြီး   နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ကစားခဲ့သည်မှာ (၆) ပတ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။ 

ယင်းကာလတစ်လျှောက်လုံးတွင် ယခုရာသီပရီးမီးယားလိဂ်ကို အဆုံးသတ်ရေးနှင့် ပတ်သက်ပြီး သံသယများရှိခဲ့ပြီး လိဂ်ပြိုင်ပွဲများကို ဆက်လက်မကျင်းပနိုင်ပါက စီစဉ်ရမည့်ကိစ္စများနှင့်ပတ်သက်ပြီး ပြန်ဆင်မှုများစွာကိုလည်း ကြိုတင်စဉ်းစားခဲ့ကြသည်။ 

ယခုအချိန်တွင်မူ ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ အမှုဆောင်ချုပ်သည် UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်နှင့် တာဝန်ရှိသူများ၊ အခြားထိပ်တန်းလိဂ်ပြိုင်ပွဲများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင်(၃၁)ရက်နေ့တွင် အဆုံးသတ်ပေးရမည့်ကိစ္စအပေါ်သဘောတူညီမှုရရှိခဲ့သည်ဟု The Sun သတင်းစာက ဖော်ပြခဲ့သည်။

    

ဇူလိုင်လတွင်မဖြစ်မနေ အဆုံးသတ်မှသာ UEFA လက်အောက်ရှိ ပြိုင်ပွဲကြီးနှစ်ခုဖြစ်သည့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တို့ကို ဩဂုတ်လအတွင်း အပြီးကစားမည့် အစီအစဉ်ကို အထမြောက်အောင် ကျင်းပနိုင်မည်ဖြစ်သဖြင့် ယင်းအစီအစဉ်ကိုလိုက်နာရန်လည်း UEFA က တောင်းဆိုခဲ့ကြောင်း သိရှိရသည်။ 

လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အသင်းများထဲမှ ဥရောပပွဲစဉ်များကို ဆက်လက်ကစားရမည့်အသင်းများမှာ မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ယူနှင့် ဝုလ်ဗ်အသင်းတို့ ဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာမူ ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းတွင် ဂိုးပြတ်ရှုံးနိမ့်ထားသဖြင့် ပြိုင်ပွဲမှ ထွက်ခွာရရန် နီးစပ်နေသည့် အခြေအနေလည်းဖြစ်သည်။

    

အချို့သောကလပ်အသင်းများ စိုးရိမ်နေသည်မှာ ၎င်းတို့အသင်းများ၏ ကြယ်ပွင့်ကစားသမားအချို့သည် ဇူလိုင်လမတိုင်မီ စာချုပ်သက်တမ်းကုန်ဆုံးနေပြီးဖြစ်သည့် အခြေအနေဖြစ်ပြီး ယင်းအခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်ရဦးမည်ဖြစ်ကာ အဆင်မပြေပါက UEFA အနေဖြင့် ကြားဝင်စေ့စပ်ညှိနှိုင်းပေးရန် လိုအပ်မည်ဖြစ်သည်။ 

ထိုကဲ့သို့ ဝင်ရောက်ဆွေးနွေးပေးမည်ဆိုပါကလည်း အပြောင်းအရွှေ့ကာလအား အပြောင်းအလဲပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ ယင်းကိစ္စများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ထပ်မံညှိနှိုင်းရဦးမည်ဖြစ်သည်။ 



ဥရောပလိဂ်ပြိုင်ပွဲများ ကျင်းပရေးဋ္ဌာန၏ အကြီးအကဲတစ်ဦးဖြစ်သူ လားစ်ခရစ္စတာအော်လ်ဆန်က "ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ကတော့ ဇူလိုင်လကုန်မှာ ဥရောပလိဂ်ပြိုင်ပွဲတွေကို အပြီးသတ် ကျင်းပနိုင်ရေးပါ။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေရဲ့ နောက်ဆုံးအဆင့်ပွဲစဉ်တွေကိုတော့ ဩဂုတ်လအတွင်းမှ

 

Most Read

Most Recent