ဒါဘီအသင်း၏ ကစားသမား-နည်းပြ ဝိန်းရွန်နီသည် အသင်း၏ လစာတစ်ဝက်လျှော့ချမည့်အစီအစဉ်ကို ကစားသမားများ ကိုယ်စားကန့် ကွက်ခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ဒါဘီအသင်း၏ ကစားသမား-နည်းပြ ဝိန်းရွန်နီသည် အသင်း၏ လစာတစ်ဝက်လျှော့ချမည့်အစီအစဉ်ကို ကစားသမားများ ကိုယ်စားကန့် ကွက်ခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ဒါဘီအသင်းတာဝန်ရှိသူများသည် ကစားသမားလစာအား (၅၀) ရာခိုင်နှုန်းလျှော့ချရန် ပြင်ဆင်နေပြီး ထိုလျှော့ချလိုက်သည့် လစာငွေများအား ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလ အလွန်တွင်မှ ပြန်လည်ပေးသွားမည် ဖြစ်သည်။
သို့ရာတွင် အဆိုပါအစီအစဉ်အား ရွန်နီက ကစားသမားများကို ကိုယ်စားပြု၍ ကန့်ကွက်ခဲ့ပြီး အသင်းအမှုဆောင်ချုပ် စတီဖင်ပီယာ့စ်ထံ အကြောင်းကြားစာပို့ခဲ့ကြောင်း သိရသည်။
အဆိုပါစာထဲတွင် လစာငွေ(၅၀)ရာခိုင်နှုန်း လျှော့ချခြင်းကို လက်မခံနိုင်သော်လည်း (၂၅)ရာခိုင်နှုန်းသာ လျှော့ချမည်ဆိုပါက ကစားသမားများအနေဖြင့် လက်ခံမည်ဖြစ်ကြောင်း ရွန်နီက ရေးသားခဲ့သည်။
ရွန်နီသည် PFA ခေါင်းဆောင် ဂေါ်ဒွန်တေလာနှင့်လည်း ဘောလုံးသမားများ ရာခိုင်နှုန်းများစွာ လစာလျှော့ယူရသည့်ကိစ္စအတွက် ဆွေးနွေးနေကြောင်း သိရသည်။
သာမန်ကစားသမားများအနေဖြင့် ကလပ်များဘက်က ကိုရိုနာဗိုင်းရပ်စ် အကြောင်းပြကာ အသုံးစရိတ် လျှော့ချမည်ကို စိုးရိမ်နေကြသည်။
PFA ကမူ လိဂ်ချန်ပီယံရှစ် ကစားသမားများအနေဖြင့် လစာလျှော့ ချခြင်းကို (၂၅) ရာခိုင်နှုန်းထက်ပို၍ လက်မခံရန် တိုက်တွန်းထားသည်။
ရွန်နီက "ကျွန်တော်က ဒီပမာဏကို အေးဆေးစွန့်လွှတ်နိုင်တယ်။ ဒါပေမဲ့ တချို့က ဒီလိုအနေအထားမှာ မရှိပါဘူး။ ဘာဖြစ်လို့ ဘောလုံးသမားတွေက ကြားဝင်ခံရသူ ဖြစ်လာရတာလဲ"ဟု Sunday Times သတင်းစာတွင် ရေးသားဝေဖန်ခဲ့သည်။