အာဆင်နယ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း လစာလျှော့ယူခြင်းဖြင့် အသင်းကိုကူညီရန် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး အာဆင်နယ်ကစားသမားများက အစောပိုင်းတွင် ငြင်းဆန်ခဲ့သော်လည်း ယခုအခါ လက်ခံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်း၏လစာငွေ ၁၂ ဒသမ ၅ ရာခိုင်နှုန်းလျှော့ချမည့်အစီအစဉ် ကိုဆန့်ကျင်သည့် အသင်းကစားသမား သုံးဦး အထိရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ အာဆင်နယ်အသင်း မှ ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များ သည် လစာ(၁၂.၅%)လျှော့ယူရန် သဘော တူညီမှုရရှိခဲ့ပြီဟု တရားဝင်ကြေညာအပြီး ယင်းသတင်း ထွက်လာခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း လစာလျှော့ယူခြင်းဖြင့် အသင်းကိုကူညီရန် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး အာဆင်နယ်ကစားသမားများက အစောပိုင်းတွင် ငြင်းဆန်ခဲ့သော်လည်း ယခုအခါ လက်ခံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်အသင်းများထဲတွင် လစာလျှော့ယူရန် သဘောတူညီမှုရရှိသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။
"ပထမအသင်းက ကစားသမားတွေရယ်၊ နည်းပြနဲ့ နည်းပြအဖွဲ့ဝင်တွေက ဒီလို အခက်အခဲနဲ့ ရင်ဆိုင်နေရချိန်မှာ အသင်းကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကျွန်တော်တို့ ကျေနပ်ဝမ်းမြောက်စွာ အသိပေးကြေညာလိုက်ပါတယ်"ဟု အာဆင်နယ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့သော် အာဆင်နယ်အသင်းသည် လာမည့်ရာသီ၌ ပစ်မှတ်ထားသည့်အတိုင်း ကွင်းတွင်းအောင် မြင်မှုများ ရယူနိုင်ခဲ့ပါက ယခုလစာငွေများ ကို ဆုကြေးအဖြစ် ပြန်လည်ပေးအပ်ရန် သaဘာတူညီမှုရရှိခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် အာဆင်နယ်အသင်း၏ယင်းအ စီအစဉ်ကို ဆန့်ကျင်သည့် ကစားသမားသုံးဦးအထိ ရှိနေနိုင်ကြောင်း Daily Mail က ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းထဲတွင် အသင်း၏လစာအများဆုံး အိုဇေးလ်ပါဝင်ရန်မှာ သေချာသလောက်ရှိနေပြီး လစာငွေ လျှော့ချခြင်းထက် ရွှေ့ဆိုင်းမည့်အစီအစဉ်ကို လက်ခံလိုလျက်ရှိသည်။ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်မှလည်း လစာငွေလျှော့ချမှုကိုဆန့်ကျင်ရန် ကစားသမားများကို တိုက်တွန်းထားသည်။
အာဆင်နယ်အသင်း၏ တစ်ပတ်လုပ်ခအများဆုံးကစားသမားများ
အမည် တစ်ပတ်ဝင်ငွေ(ပေါင်)
အိုဇေးလ် ၃၅၀၀၀၀
အူဘာမီယန်း ၂၀၀၀၀၀
လာကာဇက် ၁၈၀၀၀၀
ပေပေ ၁၄၀၀၀၀
ဒေးဗစ်လူးဝစ်ဇ် ၁၂၅၀၀၀
ဘယ်လာရင် ၁၁၀၀၀၀