ရှမ်းယူနိုက်တက်အသင်းသည် ဧပြီ (၂၂)ရက်တွင် အုပ်ချုပ်/နည်းပြများကိုယ်စား DY CEO ဦးရဲမျိုးထွန်း၊ အုပ်ချုပ်သူ ဦးဟန်ဝင်းအောင်၊ ကစားသမားများကိုယ်စား အသင်းခေါင်းဆောင် သီဟစည်သူ၊ ဒေးဗစ်ဒန်း၊ မက်ဆီမင်နှင့် နန္ဒကျော်တို့ လက်မှတ်ရေးထိုးထားသည့် လစာငွေလျှော့ယူရန် တင်ပြသည့်စာကို တရားဝင်ထုတ်ပြန်ခဲ့ပြီး အသင်းဘက်ကလည်း ဧပြီလကုန် မှစတင်ကာ လစာငွေလျှော့ချပေးသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ရှမ်းယူနိုက်တက်အသင်း အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များ၊ ကစားသမားများသည် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် ကာလအတွင်း ငွေကြေးလည်ပတ်မှုအဆင်ပြေစေရန် လစာငွေလျှော့ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ရှမ်းယူနိုက်တက်အသင်း ဘုတ်အဖွဲ့သည် ဧပြီလကုန်မှစတင်ကာ လစာများလျှော့ချပေးချေသွားမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ဧပြီ (၂၂)ရက်တွင် အုပ်ချုပ်/နည်းပြများကိုယ်စား DY CEO ဦးရဲမျိုးထွန်း၊ အုပ်ချုပ်သူ ဦးဟန်ဝင်းအောင်၊ ကစားသမားများကိုယ်စား အသင်းခေါင်းဆောင် သီဟစည်သူ၊ ဒေးဗစ်ဒန်း၊ မက်ဆီမင်နှင့် နန္ဒကျော်တို့ လက်မှတ်ရေးထိုးထားသည့် လစာငွေလျှော့ယူရန် တင်ပြသည့်စာကို တရားဝင်ထုတ်ပြန်ခဲ့ပြီး အသင်းဘက်ကလည်း ဧပြီလကုန် မှစတင်ကာ လစာငွေလျှော့ချပေးသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ပြည်တွင်းကစားသမားများ၊ အုပ်ချုပ်။နည်းပြအဖွဲ့ဝင်များ၊ ဝန်ထမ်းများကို (၄၀) ရာခိုင်နှုန်း၊ နိုင်ငံခြားသားကစားသမားများကို (၅၀) ရာခိုင်နှုန်း လျှော့ ချသွားမည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲများ ပြန်လည်စတင်မှသာ ယခင်လစာနှုန်းထားအတိုင်း ပေးချေမည်ဖြစ်သည်။
"ကလပ် အသင်းရဲ့ ငွေကြေးလည်ပတ်မှုမှာ အခက်အခဲမဖြစ်အောင် ကျွန်တော်တို့အုပ်ချုပ်/နည်း ပြအဖွဲ့တွေ၊ ကစားသမားတွေ ညှိနှိုင်းပြီး တင်ပြခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းတွေက (၄၀) ရာခိုင်နှုန်း၊ နိုင်ငံခြားသားတွေက (၅၀) ရာခိုင်နှုန်း လျှော့ချသွားမှာဖြစ်ပါတယ်။ စီနီယာအသင်းနဲ့ လူငယ် အသင်းအားလုံးပါဝင်ပြီး အုပ်ချုပ်/နည်းပြတွေ၊ ကစားသမားတွေအပြင် ဘောလုံးအသင်းရဲ့ ရုံးဝန်ထမ်းအားလုံး ပါဝင်ပါတယ်။ ဘောလုံးပြိုင်ပွဲတွေ ပြန်လည်စတင်ရင် တော့ ပုံမှန်အတိုင်း လစာနှုန်းထားအတိုင်း ပေးချေသွားမှာဖြစ်ပါတယ်" ဟု ရှမ်းယူနိုက်တက်အသင်း DY CEO ဦးရဲမျိုးထွန်းက Eleven Sports သို့ ပြောကြားခဲ့သည်။
MNL ကလပ်အသင်းများသည် ပြီးခဲ့သည့်ရက်ပိုင်း ကတည်းက လစာလျှော့ချရန် စီစဉ်နေပြီး တရားဝင်ထုတ်ပြန်မှုအရ ရှမ်းယူနိုက်တက်အသင်းသည် ပထမဆုံးလစာ လျှော့ယူသည့် MNL ကလပ်အသင်းဖြစ်လာသည်။