ကိုရိုနာကြောင့် မောပန်းနာကျင်ရကြောင်း ဘရက်စီယာအသင်းဥက္ကဋ္ဌ မက်ဆီမိုဆယ်လီနို ဖွင့်ဟ 

ကိုရိုနာကြောင့် မောပန်းနာကျင်ရကြောင်း ဘရက်စီယာအသင်းဥက္ကဋ္ဌ မက်ဆီမိုဆယ်လီနို ဖွင့်ဟ 
Photos: Getty Images
Photos: Getty Images
Published 22 April 2020

မက်ဆီမိုဆယ်လီနိုအပြင် သူ၏သမီးဖြစ်သူလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။ 

 

ကိုရိုနာဗိုင်းရပ်စ်ကူုးစက်ခံခဲ့ရသည့် ဘရက်စီယာအသင်းဥက္ကဋ္ဌ မက်ဆီမိုဆယ်လီနိုက အရိုးများနာကျင်ပြီး မောပန်းလွန်းခဲ့ကြောင်း ဝန်ခံခဲ့သည်။ 

မက်ဆီမိုဆယ်လီနိုအပြင် သူ၏သမီးဖြစ်သူလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။ 

မက်ဆီမိုဆယ်လီနိုက " ဘရက်စီယာမှာ (၃)ပတ်ကြာ သီးခြားနေထိုင်ခဲ့ရပါတယ်။ ဆေးရုံမှာ စမ်းသပ်စစ်ဆေးမှုတွေလုပ်ခဲ့ရပါတယ်။ ကျွန်တော့်သမီးဆီကနေ ကျွန်တော် ကူးစက်ခဲ့ပြီး သားဖြစ်သူကတော့ မကူးခဲ့ပါဘူး။  ရောဂါကြောင့် ကျွန်တော် အရမ်းမောပန်းလွယ်လွန်းပြီး အရိုးတွေလည်း နာကျင်ခဲ့ရပါတယ်"  ဟု ပြောကြားခဲ့သည်။   မက်ဆီမိုဆယ်လီနိုသည် စီးရီးအေအသင်းများ၏ ဥက္ကဋ္ဌ များထဲတွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရသူလည်း ဖြစ်သည်။ 

 

Most Read

Most Recent