ဘင်ဖီကာ နှင့် ဘေဆယ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၆ နံနက် ၂း၁၅ နာရီ)
ဘင်ဖီကာက အုပ်စုတတိယနေရာအတွက်တောင် မျှော် လင့်ချက်မရှိတော့တဲ့အသင်းဖြစ်တယ်။ ဒီပွဲမတိုင်ခင် ပေါ်တိုနဲ့ ကစားထားရပြီး ပွဲပန်းထားတယ်။ ရှေ့ဆက်လည်း ပွဲကျပ်တွေရှိ နေတယ်။ ဒါကြောင့် အများကြီး အားထည့်ကစားတော့မှာမ ဟုတ်သလို၊ လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းအရလည်း ဘေဆယ် က အများကြီးပိုကောင်းပါတယ်။ ဘေဆယ်အနေနဲ့ ဒီပွဲမှာ သရေ တစ်မှတ်လောက်ယူထားနိုင်ရင် နောက်တစ်ဆင့်အတွက် မျှော် လင့်ချက်ရှိနိုင်ပါတယ်။ ဘေဆယ်ပဲ ကြိုက်တယ်။
မန်ယူ နှင့် CSKA မော်စကို (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၆ နံနက် ၂း၁၅ နာရီ)
မန်ယူက ဒီပွဲမှာ (၈)ဂိုးလောက်အထိ ရှုံးတာတောင်မှ ဘေ ဆယ်ကလည်း အဝေးကွင်းမှာ ဘင်ဖီကာကို နိုင်မှ ကျန်ခဲ့မယ့် သဘောဖြစ်နေတယ်။ ကစားရမှာကလည်း အိမ်ကွင်းမှာဖြစ်ပြီး လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်း၊ အိုးလ်ထရက်ဖို့ဒ်ရဲ့ အလွန်ကောင်း မွန်နေတဲ့ မှတ်တမ်းပိုင်း၊ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ကစား ထားတဲ့အသင်းဆိုတဲ့ အချက်တွေကြောင့် ဒီပွဲလည်း (၂-ဝ၊ ၃-ဝ) ပါပဲ။
ဘိုင်ယန်မြူးနစ် နှင့် PSG (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၆ နံနက် ၂း၁၅ နာရီ)
ဘိုင်ယန်မြူးနစ်က အခုအချိန်အထိ ဘွန်ဒစ်လီဂါမှာအ ကောင်းဆုံးအသင်းပါပဲ။ ဥရောပမှာလည်း ထိပ်ဆုံးတန်းမှာ ရှိနေသေးတယ်။ ဒါပေမဲ့ PSG ထက်နိမ့်ပါးနေပြီဆိုတာ ငြင်းလို့မရဘူး။ နိုင်ရုံနဲ့လည်း အုပ်စုဗိုလ်ဖြစ်မှာမဟုတ်ဘဲ ဂိုးအများကြီးသွင်းမှရ မှာပါ။ PSG ကလည်း ခြေသာနေလို့ သရေပဲကျမယ်။
ဆဲလ်တစ် နှင့် အန်ဒါလက်ချ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၆ နံနက် ၂း၁၅ နာရီ)
ဆဲလ်တစ်ရော အန်ဒါလက်ချ်အတွက်ပါ အရေးပါနေတဲ့ ပွဲဖြစ်ပါတယ်။ အန်ဒါလက်ချ်က ဒီပွဲမှာ (၄)ဂိုးပြတ် သို့မဟုတ် (၁-၄၊ ၂-၅) စတဲ့ သုံးဂိုးကွာ ရလဒ်မျိုးတွေထွက်လာမှ ယူရိုပါ လိဂ်ဝင်ခွင့်ရမှာဖြစ်ပြီး မဖြစ်မနေ တိုက်စစ်ကစားရမယ့်အသင်း ပါ။ ဆဲလ်တစ်က သရေ ဒါမှမဟုတ် ဂိုးအများကြီးမရှုံးရင် ယူရိုပါ လိဂ်ဝင်ခွင့်ရပြီဖြစ်သလို၊ ကစားရမှာကလည်း အိမ်ကွင်းဖြစ်နေ တယ်။ အန်ဒါလက်ချ်အတွက် မျှော်လင့်ချက်မရှိသလို၊ ဆဲလ် တစ်ရဲ့ နိုင်ပွဲကိုပဲ စောင့်ကြည့်ရမှာပါ။
ချယ်လ်ဆီး နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၆ နံနက် ၂း၁၅ နာရီ)
ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရမယ့်ပွဲတစ်ပွဲပါ။ အက်သလက်တီကိုမက်ဒရစ်က ရှုံးထွက်အဆင့်ကိုတက်ရောက် ရေး မျှော်လင့်ချက်အတွက် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်သလို၊ ချယ်လ်ဆီးကလည်း နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပြီးပြီ ဖြစ်ပေမယ့် အုပ်စုဗိုလ်နေရာကိုရရှိဖို့အတွက် အနိုင်ကစားဖို့လိုအပ်နေပါတယ်။ အုပ်စုဒုတိယဆိုရင် ရှုံးထွက်အဆင့်ပွဲစဉ်တွေ မှာ အရမ်းကျပ်သွားဖို့ ရာခိုင်နှုန်းများနေတာကြောင့် ဒီပွဲကို ချယ်လ်ဆီးအာရုံစိုက်ကစားလိမ့်မယ်။ နှစ်သင်းစလုံးအတွက် Must-Win ပွဲစဉ်ဖြစ်နေတဲ့ ပွဲတစ်ပွဲမှာတော့ အိမ်ကွင်း၊ အဝေးကွင်းအားသာမှု၊ လက်ရှိခြေစွမ်း၊ ကစားသမားအင်အားနဲ့ တောင့်တင်းမှု၊ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အစဉ်အလာစတဲ့အချက်အလက်ပေါင်းစုံကို စဉ်းစားရတော့မှာဖြစ်တယ်။ လက်ရှိ အနေအထားမှာ အက်သလက်တီကိုက ခြေတက်နေပြီး လာလီဂါမှာ နိုင်ပွဲတွေဆက်တိုက်ရယူနေတယ်။ ရိုးမားကို(၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အက်သလက်တီကိုရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီပွဲကစပြီး နောက်ဆုံး (၄)ပွဲမှာ ရာနှုန်းပြည့် နိုင်၊ (၁၂)ဂိုးသွင်း၊ (၁)ဂိုးပဲ ပြန်ပေးခဲ့ရတယ်။ ချယ်လ်ဆီးကလည်း ရာသီတစ်လျှောက်လုံး ခြေစွမ်းရော၊ လက်ရှိခြေစွမ်းပါ အက်သလက်တီကိုထက်သာနေတယ်။ ပထမအကျော့မှာ နိုင်ပွဲရထားတယ်။ ဒါပေမဲ့ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ အိမ်ကွင်းပွဲမှာ အက်သလက်တီကိုကို ရှုံးထားတာကိုတွေ့ရတယ်။ ချယ်လ်ဆီးအတွက်တော့ သရေကအရေးမပါဘူး။ အရှုံးနဲ့ သရေဆိုရင် ဒုတိယ၊ နိုင်ရင် ဗိုလ်ဖြစ်မယ့်အနေအထားမှာ တိုက်စစ်ဖွင့်ကစားမယ်။ ဂိုးများမယ်။ ချယ်လ်ဆီးနိုင်မယ်။
ရိုးမား နှင့် ကာရာဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၆ နံနက် ၂း၁၅ နာရီ)
အလွန်အရေးပါတဲ့ ပွဲတစ်ပွဲကို ရိုးမားအမှားခံမှာမဟုတ်ပါ ဘူး။ ကာရာဘတ်က ဒီအုပ်စုမှာ မျှော်လင့်ချက်မရှိတော့တဲ့ အသင်းဖြစ်ပြီး ရိုးမားကတော့ သရေဆိုရင် ယူရိုပါလိဂ်ကို ဆင်း သွားရနိုင်တဲ့အခြေအနေရှိနေပါတယ်။ မဖြစ်မနေ နိုင်ပွဲရှာထား ရမယ့်အနေအထားဖြစ်ပြီး အနိုင်ရရင်တော့ အုပ်စုဗိုလ်နေရာကို ပါ မျှော်လင့်ချက်ရှိနေပါတယ်။ ဒါကြောင့် မဖြစ်မနေအနိုင်ကစား မှာပါ။ အဝေးကွင်းပွဲစဉ်မှာလည်း ကာရာဘတ်ကို အနိုင်ရခဲ့ သလို၊ ခြေစွမ်း၊ လူအင်အား၊ စုဖွဲ့မှုအစစအရာရာ အသာရနေတဲ့ အသင်းဖြစ်နေတာကြောင့် ရိုးမားအတွက် အမှားမရှိနိုင်ပါဘူး။ သေချာပေါက် ဂိုးပြတ်သွင်းမှာပါ။
ဘာစီလိုနာ နှင့် စပို့တင်းလစ္စဘွန်း (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၆ နံနက် ၂း၁၅ နာရီ)
ဘာစီလိုနာက အုပ်စုဗိုလ်ဖြစ်ဖို့ သေချာနေပြီး စပို့တင်းလစ္စဘွန်းကတော့ အဝေးကွင်းမှာ နိုင်မှဖြစ်မယ့်အခြေအနေမျိုး ပါ။ အမှတ်လိုအပ်နေလု့ိ အသည်းအသန်ရုန်းကန်ရမယ့် အခြေ အနေက စပို့တင်းလစ္စဘွန်းကို တိုက်စစ်ဖွင့်ကစားစေမှာဖြစ်ပြီး ဒီအခြေအနေကပဲ ဘာစီလိုနာကို ဂိုးတွေအလွယ်တကူရစေပါ လိမ့်မယ်။
အိုလံပီယာကော့စ် နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၆ နံနက် ၂း၁၅ နာရီ)
ဂျူဗင်တပ်စ်က စပို့တင်းလစ္စဘွန်းထက် ပိုကောင်းတဲ့ ရလဒ်ရဖို့ လိုနေပါတယ်။ သရေဖြစ်စေ၊ ရှုံးပွဲဖြစ်စေတွေ့ခဲ့ရင် စပို့တင်းလစ္စဘွန်းနိုင်တာနဲ့ ကျန်ခဲ့မှာဖြစ်ပြီး၊ စပို့တင်းသရေ ဆိုတာနဲ့ ရှုံးထွက်တက်ပါပြီ။ ဒါပေမဲ့ အဆိုးရွားဆုံးအခြေအနေ ရောက်နေတဲ့ အိုလံပီယာကော့စ်ကို ဂျူဗင်တပ်စ် အနိုင်ရမှာပါ။