လာလီဂါပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်
Photo: La Liga
Photo: La Liga
Published 3 January 2020

ဗယ်လာဒိုလစ် - လီဟာနက်စ် (စနေနံနက် ၀၀:၃၀ နာရီ)

လီဟာနက်စ် တက်ရိပ်ပြလာနေတယ်။ နှစ်ကုန်ခါနီး နောက်ဆုံး (၃)ပွဲစလုံးကို မရှုံးအောင် ကစားထားနိုင်တယ်။ ဒါ ပေမဲ့ အဝေးကွင်းမှာ နိုင်ပွဲရဖို့ ခက်နေသေးတဲ့ပုံမျိုးနဲ့တော့ ဗယ်လာဒိုလစ်ဆီက အမှတ်ပြည့်ယူဖို့ မဖြစ်နိုင်လောက်သေးပါဘူး။ အစဉ်အလာတွေအရလည်း တောက်လျှောက်အသာရထားတဲ့ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။

ဆီဗီလာ - ဘီလ်ဘာအို (စနေနံနက် ၂:၃၀ နာရီ)

နှစ်သင်းစလုံး ပုံမှန်ခြေစွမ်းမျိုးရနေကြလို့ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ များနေတယ်။ အစဉ်အလာရလဒ်တွေကလည်း အ ပြန်အလှန်ရှိတတ်လို့ အခုပွဲက မှားတဲ့အသင်းခံရမယ့်ပုံပါပဲ။ နှစ်သင်းစလုံး သတိကြီးကြီးထား ကစားပုံချင်းတူပေမယ့် အခု နောက်ပိုင်း ဂိုးသွင်းနှုန်းမှာတော့ ဆီဗီလာက နည်းနည်းသာသ လိုရှိနေတယ်။ နောက်ပြီး ဆီဗီလာဟာ အိမ်ကွင်းနောက်ဆုံးက စားထားတဲ့ ဗီလာရီးယဲလ်နဲ့ပွဲကို မထင်မှတ်ဘဲရှုံးပွဲကြုံထားရလို့ ဘီလ်ဘာအိုနဲ့ပွဲကို ပိုပြီးဂရုတစိုက်ကစားလာဖို့လည်း များနေတယ်။ တိုက်စစ်နဲ့ ကွင်းလယ်ဒဏ်ရာရသူတချို့ရှိနေပေမယ့်လည်း ဆီဗီလာဟာ သူတို့ရဲ့ ပုံမှန်ကစားဟန်တစ်ခုကို ထိန်း ထားနိုင်တယ်။ ဘီလ်ဘာအိုကလည်း အခုနောက်ပိုင်း ကစားပုံငြိမ်လာပြီး အဝေးကွင်းပွဲတွေဆိုရင် မရှုံးအောင်ဦးစားပေးကစား လေ့ရှိတယ်။ ဒီတော့ စဉ်းစားရမှာက ဆီဗီလာ ပွဲကိုထိန်းချုပ်ကစားနိုင်ပေမယ့် ဘီလ်ဘာအိုဘက်ကို ဂိုးရပါ့မလားဆိုတာပါပဲ။ ဒီပွဲအတွက် ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲ ရွေးကြည့်ချင်တယ်။

 

 

Most Read

Most Recent