အသက် (၂၆)နှစ်အရွယ်ရှိ ဆလိုဗက်ကီးယားဂိုးသမား အိုဘလက်ခ်သည် ၂၀၁၉ ခုနှစ်အတွင်း အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ (၄၆)ပွဲကစားခဲ့ရာတွင် (၂၅)ပွဲအထိ Clean Sheet ရရှိခဲ့ပြီး ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် အများဆုံး ဖြစ်ခဲ့သည်။
အက်သလက်တီကိုဂိုးသမား အိုဘလက်ခ် သည် ၂၀၁၉ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ပြိုင်ပွဲစုံ Clean Sheet အများဆုံးရ ဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ ဆလိုဗက်ကီးယားဂိုးသမား အိုဘလက်ခ်သည် ၂၀၁၉ ခုနှစ်အတွင်း အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ (၄၆)ပွဲကစားခဲ့ရာတွင် (၂၅)ပွဲအထိ Clean Sheet ရရှိခဲ့ပြီး ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် အများဆုံး ဖြစ်ခဲ့သည်။ အိုဘလက်ခ်အနေဖြင့် ယင်း (၄၆)ပွဲတွင် (၃၄)ဂိုးသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဒုတိယ နေရာတွင် ဘာစီလိုနာဂိုးသမား စတီဂန်က (၄၉) ပွဲကစားရာ၌ (၄၃)ဂိုးပေးခဲ့ရပြီး Clean Sheet (၂၂)ပွဲ ရရှိခဲ့သည်။ စတီဂန်နောက်တွင် မန်စီးတီး ဂိုးသမား အီဒါဆန် Clean Sheet (၂၁) ပွဲ၊ အင်တာမီလန်ဂိုးသမား ဟန်ဒါနိုဗစ် Clean Sheet (၁၈) ပွဲ နှင့် လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် Clean Sheet (၁၇) ပွဲတို့က အဆင့် (၃)မှ (၅)အတွင်း အစဉ်လိုက် ရပ်တည်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် Clean Sheet အများဆုံးဂိုးသမားများ
ဂိုးသမား ပွဲ/ ပေးဂိုး Clean Sheet
အိုဘလက်ခ်(အက်သလက်တီကို) ၄၆/၃၂ ၂၅
စတီဂန်(ဘာစီလိုနာ) ၄၉/၄၃ ၂၂
အီဒါဆန်(မန်စီးတီး) ၄၅/၃၂ ၂၁
ဟန်ဒါနိုဗစ်(အင်တာမီလန်) ၄၆/၄၃ ၁၈
အယ်လစ်ဆန်(လီဗာပူးလ်) ၃၉/၂၇ ၁၇
နာဗတ်စ်(PSG) ၃၁/၂၂ ၁၆
မိုင်နန်(လိုင်လီ) ၄၄/၄၉ ၁၆
ပစ်ဖို့ဒ်(အဲဗာတန်) ၃၇/၄၅ ၁၅
ဘူတယ်လီ(အန်ဂါစ်) ၃၉/၅၁ ၁၅