ဆန္ဒပြပွဲများကြောင့် El Clasico ပွဲကို ဒီဇင်ဘာ ၁၈ ရက်သို့ ပြောင်းလဲကစားမည့်ကိစ္စ အပြီးမသတ်မသေးဘဲ စပိန်အားကစားကောင်စီထံ အယူခံဝင်မည်ဖြစ်ကြောင်း LFP ထုတ်ပြန်

ဆန္ဒပြပွဲများကြောင့် El Clasico ပွဲကို ဒီဇင်ဘာ ၁၈ ရက်သို့ ပြောင်းလဲကစားမည့်ကိစ္စ အပြီးမသတ်မသေးဘဲ စပိန်အားကစားကောင်စီထံ အယူခံဝင်မည်ဖြစ်ကြောင်း LFP ထုတ်ပြန်
Published 26 October 2019

ဆန္ဒပြပွဲများကြောင့် El Clasico ပွဲကို ဒီဇင်ဘာ ၁၈ ရက်သို့ ပြောင်းလဲကစားမည့်ကိစ္စ အပြီးမသတ်မသေးဘဲ စပိန်အားကစားကောင်စီထံ အယူခံဝင်မည်ဖြစ်ကြောင်း LFP ထုတ်ပြန်

ကာတာလိုနီယာဒေသ ဆန္ဒပြပွဲများကြောင့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် El Clasico ပွဲကို ဒီဇင်ဘာ ၁၈ ရက်သို့ ပြောင်းလဲကစားမည့်ကိစ္စမှာ အပြီးမသတ်သေးဘဲ စပိန်ပရော် ဖက်ရှင်နယ်ဘောလုံးလိဂ် (LFP) က အရပ်ဘက်တရားရုံးနှင့် စပိန်အားကစားကောင်စီထံ အယူခံဝင်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် အတည်ပြုထုတ်ပြန်သည်။

၂၀၁၉-၂၀၂၀ ရာသီအတွက် El Clasico ပထမအကျော့ပွဲစဉ်ကို အောက်တိုဘာ ၂၆ ရက် (ယနေ့) တွင် ဘာစီလိုနာအသင်း၏ နူးကမ့်ကွင်း၌ ယှဉ်ပြိုင်ကစားရန် ပွဲစဉ်ရေးဆွဲထားပြီးဖြစ်သော်လည်း ကာတာလိုနီယာ ဒေသ၌ လွတ်လပ်ရေးထောက်ခံသည့် ဆန္ဒပြပွဲများဖြစ်ပွားနေသောကြောင့် ဒီဇင်ဘာ ၁၈ ရက်သို့ ပြောင်းလဲကစားရန် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က အောက်တိုဘာ ၂၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ယင်းပွဲကို ဒီဇင်ဘာ ၁၈ ရက်တွင် ပြောင်းလဲကစားခွင့်ပြုရန် ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့က အဆိုပြုတင်ပြရာ RFEF က ခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့သော်လည်း LFP က လက်မခံဘဲ ကန့်ကွက်နေခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၈ ရက်တွင် စပိန်ဘုရင့် ဖလား (Copa del Rey) ပြိုင်ပွဲ ပထမအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားရန်ရှိသောကြောင့် ရုပ်သံထုတ်လွှင့်မှုအပါအဝင် အခြားအကျိုးစီးပွား ထိခိုက်နိုင်သည့်အခြေအနေကြောင့် LFP က ဒီဇင်ဘာ ၄ ရက်တွင်သာ ယှဉ်ပြိုင်ကစားရန် အဆိုပြုထားသည်။

ထို့ပြင် လာလီ ဂါပြိုင်ပွဲ၏ စည်းမျဉ်းများအရ ရွှေ့ဆိုင်းရမည့် ပွဲစဉ်များကို အစောဆုံး ဖြစ်နိုင်ခြေရှိသည့်ရက် တွင်သာ ပြန်လည်ကစားရန် လိုအပ်သလို ကလပ်အသင်းများအနေဖြင့် ပွဲကစားမည့်နေ့ ကို ဆုံးဖြတ်ရန် အခွင့်အာဏာမရှိကြောင်း LFP က ထုတ်ပြန်ထားသည်။

''လာလီဂါအနေဖြင့် El Clasico ပွဲကို ဒီဇင်ဘာ ၁၈ ရက်တွင်ကစားရန် ဆုံးဖြတ်ခဲ့ သည့် ပြိုင်ပွဲကျင်းပရေးကော်မတီ၏ ဆုံးဖြတ် ချက်ကို လက်မခံနိုင်သဖြင့် အယူခံဝင်သွား မည်ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပရေးကော်မတီ ၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်၍ အရပ် ဘက်တရားရုံးနှင့် စပိန်အားကစားကောင်စီ (CSD) ထံ အယူခံဝင်သွားမည်ဖြစ်ပါသည်''ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

LFP နှင့် RFEF တို့အကြား ယခုနှစ်ပိုင်းအတွင်း မကြာခဏ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားနေရာ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက ကလပ်နှစ်သင်းအနေဖြင့် ၎င်းတို့၏ တိုက်ပွဲများတွင် ကြားမညပ်လိုကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားသည်။

LFP သည် ပြီးခဲ့သည့်နှစ်ကတည်းက လာလီဂါပွဲစဉ်ကို အမေရိကန်နိုင်ငံ၌ သွားရောက်ကျင်းပခွင့်ရရန် ကြိုးပမ်းခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံ ကြိုးပမ်းနေသောကြောင့် RFEF နှင့် ဆက်ဆံရေး တင်းမာနေခြင်းဖြစ်သည်။

Most Read

Most Recent