အီတလီစီးရီးအေပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်
Published 26 October 2019

လက်ချီ - ဂျူဗင်တပ်စ် (စနေည ရး၃၀ နာရီ)

 

ဂျူဗင်တပ်က နိုင်ပွဲတွေဆက်နေပေမယ့် ဂိုးပြတ်အောင်ပွဲ တွေ သိပ်မဖန်တီးနိုင်သေးဘူး။ အခုရင်ဆိုင်ရမယ့် လက်ချီက နောက်ဆုံး (၃)ပွဲဆုံတွေ့ထားချိန်မှာ ဂျူဗင်တပ်စ်ကို ဒုက္ခပေး ထားနိုင်တယ်။ လက်ရှိရာသီ သီးသန့်ကြည့်မယ်ဆိုရင်လည်း လက်ချီဟာ ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရရင် အစွမ်းရှိသမျှ ရုန်းကန်လေ့ရှိတယ်။ အိမ်ကွင်းမှာ နာပိုလီကို ဂိုးပြတ်ရှုံးထားပေ မယ့် ဒီပွဲမှာ ဂျူဗင်တပ်စ်ကို (၂)ဂိုးထက်ပိုမရှုံးပါဘူး။

အင်တာမီလန် - ပါးမား (စနေည ၁ဝး၃၀ နာရီ)

အင်တာမီလန်ခံစစ် ဂိုးတွေဆက်တိုက်ပေးလာရတာ သတိထားရမယ်။ ပါးမားက နောက်ဆုံး(၃)ပွဲမှာ (၈)ဂိုးအထိသွင်း ယူထားနိုင်လို့ အင်တာမီလန်ခံစစ်ပေါ့ဆလို့မရဘူး။ ဒါပေမဲ့ ပါး မားက အဝေးကွင်းနောက်ဆုံး (၁၂)ပွဲမှာ (၁၁)ပွဲအထိနိုင်ပွဲ ပျောက်ထားလို့ ဒီပွဲမှာလည်း ကံကောင်းမှ တစ်မှတ်ရပါလ်ိမ့်မယ်။ အင်တာမီလန်ရဲ့ စီးရီးအေနောက်ဆုံး (၃)ပွဲမှာ နှစ်သင်း ပေါင်းသွင်းဂိုးများထားပြီး ဒီပွဲလည်း အင်တာနဲ့ ဂိုးအများပါပဲ။

ဂျီနိုအာ - ဘရက်စီယာ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

နည်းပြသစ်ရဲ့ ပထမဆုံးပွဲဖြစ်သလို အိမ်ကွင်းမှာလည်း ကစားရမှာဖြစ်လို့ ပရိသတ်ကျေနပ်အောင် ဂျီနိုအာ ရုန်းကန်ပြမယ်ထင်တယ်။ ဘရက်စီယာက ပွဲကျပ်ကာလမှာ အသင်းကြီး တွေကို အခက်တွေ့အောင်လုပ်ပြနိုင်ခဲ့တယ်။ ဘရက်စီယာပို ကောင်းပေမယ့် ဂျီနိုအာအိမ်ကွင်းမှာရလဒ်ကောင်းမယ်။

Most Read

Most Recent