မန်စီးတီး - အက်စတွန်ဗီလာ (စနေ ညနေ ၆းဝ၀ နာရီ)
မန်စီးတီးက လီဗာပူးလ်ကို စလှုပ်ရမယ့်အချိန်ဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်က (၈)မှတ်ကွာအနေအထားကနေ (၆)မှတ် ကွာအထိ ကပ်လိုက်နိုင်ခဲ့ပြီး၊ ဒီတစ်ပတ်လည်း လီဗာပူးလ်က စပါးနဲ့ ပွဲကျပ်ကစားရမှာဖြစ်လို့ မန်စီးတီးအတွက် အခွင့်အရေး နောက်တစ်ကြိမ်မျှော်ရမယ့် အနေအထားဖြစ်တယ်။ ပဲလေ့စ်နဲ့ ပွဲတုန်းက အဂွဲရိုးအစား ဂျေးဇူးကိုသုံးခဲ့ပြီး ဂျေးဇူးကလည်း ခြေစွမ်းပြကစားနိုင်ခဲ့တယ်။ ချန်ပီယံလိဂ်မှာ အဂွဲရိုးပြန်ကစားခဲ့ပြီးနောက် ဒီပွဲမှာ ဂျေးဇူးကို ပြန်မြင်ရဖို့ရှိတယ်။ ကွင်းလယ်နဲ့ ခံစစ်မှာ အပြောင်းအလဲ အများကြီးမလုပ်လောက်ဘူးလို့ ယူဆရပြီး အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ဂိုးအများကြီးနဲ့အနိုင်ယူဖို့ ကြိုးစားဦးမှာပဲ။ အက်စတွန်ဗီလာက ဒီပွဲမတိုင်ခင် ရလဒ်ကောင်းတွေယူထားတယ်။ တိုက်စစ်ကစားပုံ သိသိသာသာ တိုးတက်လာပြီး အထူးသဖြင့် ဂရီးလစ်ရှ်ခြေစွမ်းပြနေတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ ခံစစ်ဇုန်ထဲ မောင်းအသွင်းခံရမှာဖြစ်ပြီး ဗီလာခါးပြတ်သွားဖို့များတယ်။ မန်စီးတီး ဂိုးပြတ်သွင်းဦးမှာပဲ။
ဘရိုက်တန် - အဲဗာတန် (စနေ ည ၈း၃၀ နာရီ)
အဲဗာတန်က စိတ်ပျက်စရာရလဒ်တွေနဲ့ ကြုံတွေ့နေရပေမယ့် အသင်းကောင်းတစ် သင်းဆိုတာကို ဝက်စ်ဟမ်းနဲ့ ပွဲမှာ သက်သေပြခဲ့တယ်။ အသင်းရဲ့လူအင်အားကြောင့် အ ချိန်မရွေးပြန်ပေါက်ကွဲနိုင်စွမ်းရှိပါတယ်။ တိုက်စစ်ပိုင်းက အရည်အသွေးမြင့်ကစားသမား တွေကြောင့် ဘရိုက်တန်ခံစစ်ခက်လိမ့်မယ်။ နောက်ဆုံးအိမ်ကွင်းပွဲမှာ စပါးကို ဂိုးပြတ်အ နိုင်ရခဲ့ပေမယ့် ဒီပွဲမှာတော့ ဘရိုက်တန် အလွန်ဆုံးသရေပဲ။

ဝက်ဖို့ဒ် - ဘုန်းမောက် (စနေ ည ၈း၃၀ နာရီ)
ဝက်ဖို့ဒ်က နိုင်ပွဲရဖို့အတွက် ရုန်းကန်နေရဆဲဖြစ်ပြီး စပါးနဲ့ ပွဲမှာလည်း သရေပဲကစားနိုင်ခဲ့တယ်။ ရလဒ်တွေဆက်တိုက်ကောင်းနေတဲ့ ဘုန်းမောက်ကတော့ နောက်ဆုံး (၃) ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာတွေ့ရတယ်။ ဂိုးမြူးလေ့ရှိတဲ့ တိုက်စစ်ပိုင်းက နောက်ဆုံးနှစ်ပွဲ ဆက် ဂိုးပေါက်ပျောက်ခဲ့တယ်။ ဒီပွဲကတော့ နှစ်သင်းစလုံးအတွက် အခွင့်အရေးရှိတဲ့ပွဲပါ။ ဝက်ဖို့ဒ်နိုင်ပွဲစရလိမ့်မယ်ထင်တယ်။
ဝက်စ်ဟမ်း - ရှက်ဖီးယူနိုက်တက် (စနေ ည ၈း၃၀ နာရီ)
ရှက်ဖီးယူနိုက်တက်ရဲ့ခြေစွမ်းကအရမ်းကောင်းနေတယ်။ မထင်မှတ်တဲ့ ရလဒ်တွေ ကို ဆက်တိုက်ယူပြတယ်။ အထူးသဖြင့် ခံစစ်ပိုင်းကစားပုံက ချီးကျူးစရာကောင်းတယ်။ ဝက်စ်ဟမ်းက နောက်ဆုံးနှစ်ပွဲစလုံး အားရစရာမရှိခဲ့ဘူး။ ဒါပေမဲ့ တိုက်စစ်ပိုင်းကစားသမား ကောင်းတွေကြောင့် ခြေတွေ့သွားရင် ကြောက်စရာကောင်းပါတယ်။ ဒီပွဲမှာလည်း ဝက်စ် ဟမ်း နိုင်ပွဲယူနိုင်လိမ့်မယ်။
ဘန်လေ - ချယ်လ်ဆီး (တနင်္ဂနွေ ည ၁၁းဝ၀ နာရီ)
နောက်ဆုံးပွဲမှာ လက်စတာကို ကပ်ရှုံးခဲ့ပေမယ့် ဘန်လေရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းကကောင်းတယ်။ ကစားပုံ ရိုးစင်းပေမယ့် အားကောင်းပြီး ထိရောက်တယ်။ အက်ရှ်လေဘန်းစ် ရဲ့အမြင့်ဘောစွမ်းရည်က ချယ်လ်ဆီးခံစစ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ နိုင်ပွဲတွေဆက်ပြီး အဝေးကွင်းရလဒ်ကောင်းတဲ့ ချယ်လ်ဆီးနိုင်ပွဲဆက်ဦးမယ်ထင်တယ်။ ဂိုး ပြတ်ဖို့တော့ ခက်ပါတယ်။















