၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမစခင် (၉)ရက်အလိုအထိ ပရီးမီးယားလိဂ်ပွဲစဉ်များ ကစားသွားရန် စီစဉ်နေပြီး ရာသီပိတ်ချိန်လည်းနောက်ကျမည်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမစခင် (၉)ရက်အလိုအထိ ပရီးမီးယားလိဂ်ပွဲစဉ်များ ကစားသွားရန် စီစဉ်နေပြီး ရာသီပိတ်ချိန်လည်းနောက်ကျမည်
Photo: Yahoo, Getty Images & Reuters
Photo: Yahoo, Getty Images & Reuters
Published 25 October 2019

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပမည့်အချိန်တွင် ပရီးမီးယားလိဂ်ပွဲစဉ်များကို ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင် (၉)ရက်အလိုအထိ ကစားသွားရန် စီစဉ်နေပြီး၊ ရာသီပိတ်ချိန်ကိုလည်း ပုံမှန်ထက် နောက်ကျပိတ်သိမ်းရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပမည့်အချိန်တွင် ပရီးမီးယားလိဂ်ပွဲစဉ်များကို ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင် (၉)ရက်အလိုအထိ ကစားသွားရန် စီစဉ်နေပြီး၊ ရာသီပိတ်ချိန်ကိုလည်း ပုံမှန်ထက် နောက်ကျပိတ်သိမ်းရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

    

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ပြီး ပုံမှန်အားဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပလေ့ရှိသည့် ဇွန်လသည် ကာတာနိုင်ငံတွင် အပူချိန်အလွန်မြင့်မားသည့် ကာလဖြစ်နေသည်။ 

ယင်းအတွက်ကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ယင်းကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံ၏ဆောင်းရာသီတွင် ကျင်းပပြလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး ကာတာနိုင်ငံကလည်း နိုဝင်ဘာလ (၂၁)ရက်နေ့တွင် စတင်ကျင်းပသွားရန် ဆုံးဖြတ်ထားသည်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလတွင် စတင်ကျင်းပခြင်းက ပုံမှန်အားဖြင့် ပြိုင်ပွဲဝင်နိုင်ငံများ၏ လိဂ်ပြိုင်ပွဲများ ကျင်းပသည့် ကာလအတွင်းရောက်ရှိနေရာ လိဂ်ပြိုင်ပွဲများ၏ ပွဲစဉ်ရေးဆွဲမှုမှာလည်း အခက်အခဲများရှိနေပြီး ပရီးမီးယားလိဂ်ကမူ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများထဲတွင် အစောဆုံးအနေဖြင့် ပွဲစဉ်ဇယားရေးဆွဲမှုအတွက် အစီအစဉ်ကို စတင်ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။ 

ယင်းအစီအစဉ်အား အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် (FA) ထံ တင်ပြသွားမည်ဖြစ်ပြီး FA သည် ဖီဖာနှင့် ညိနှိုင်းမှုများ ပြုလုပ်သွားရမည်ဖြစ်ရာ ခွင့်ပြုချက် ရ၊ မရကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးချေ။

    

ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ အဆိုပြုချက်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲကို အချိန်စောကျင်းပရန်နှင့် နောက်ကျပြီးဆုံးရန်တို့လည်း ပါဝင်နေပြီး၊ ယင်းကဲ့သို့ စီစဉ်ခဲ့ခြင်းမှာ ဆောင်းရာသီအနားပေးရက်များအပေါ် ထိခိုက်မှုမရှိစေရန်အတွက်ဖြစ်သည်။ 

သို့ရာတွင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ အဆိုပြုချက်တွင် ဖီဖာနှင့် အဓိက ဆွေးနွေးရမည့် ပြဿနာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ (၉)ရက်အလိုတွင် ပွဲစဉ်ရေးဆွဲမည့်အစီအစဉ်ဖြစ်နေသည်။ 

ပုံမှန်အားဖြင့် နိုင်ငံတကာပြိုင်ပွဲကြီးများမစတင်မီတွင် လိဂ်ပြိုင်ပွဲများအနေဖြင့် အနည်းဆုံး (၁)လစော၍ ပြိုင်ပွဲကို ပြီးဆုံးစေရမည်ဖြစ်ပြီး၊ ယခု အစီအစဉ်တွင်မူ တစ်ပတ်ကျော်ဆိုသည့်အချိန်မှာ နိုင်ငံအသင်းများ၏ ပြင်ဆင်မှုကို ထိခိုက်နစ်နာမည့်

အနေအထားတွင် ရှိနေသည်။

    

သို့ရာတွင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဘက်ကလည်း ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ဖီဖာ၏ အားနည်းချက်ကြောင့်သာဖြစ်သည်ဟု ယူဆနေပြီး ကာတာကဲ့သို့ နိုင်ငံမျိုးတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် ဆုံးဖြတ်ခဲ့သည့်အတွက် ကြုံတွေ့ရသည့် ပြဿနာအဖြစ် ရှုမြင်ကာ ဖီဖာကို ပြန်လည်ဖိအားပေးခဲ့ခြင်းဖြစ်ပြီး စည်းမျဉ်းကိုဖောက်ဖျက်ရဲခြင်းဖြစ်နိုင်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။



    

ယင်းကဲ့သို့ ကျင်းပမည့် ရက်စွဲပြောင်းလဲခြင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် (၉)ရက်အလိုဖြစ်သည့် နိုဝင်ဘာလ (၁၂)ရက်နေ့အထိ ပွဲစဉ်ဇယားရေးဆွဲမှုတွင် အင်္ဂလန် နိုင်ငံ၏ ပြိုင်ပွဲများအားလုံးနှင့် မသက်ဆိုင်ဘဲ ပရီးမီးယားလိဂ်နှင့် လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲနှစ်ခုကိုသာ ရည်ရွယ်ထားခြင်းဖြစ်ပြီး ပြိုင်ပွဲများစတင်ချိန်စောခြင်း၊ ပြီးဆုံးချိန် နောက်ကျခြင်းတို့ကလည်း ပရီးမီးယားလိဂ်ကစားသမားများအပေါ် သက်ရောက်မှုများရှိလာစေမည်ဖြစ်သည်။ 

 

Most Read

Most Recent