ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်အား ပြိုင်ပွဲမကျင်းပမီ (၆)နှစ်အလို ၂၀၂၄ခုနှစ်တွင် မဲခွဲရွေးချယ်သွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့်ဖီဖာကောင်စီအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့သည်။

ဖီဖာသည် လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ပြိုင်ပွဲမကျင်းပမီ (၁၂)နှစ်အလို ၂၀၁၀ ခုနှစ်ကတည်းက မဲခွဲရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ပြီးခဲ့သည့်နှစ်က ဖီဖာကွန်ဂရက်အစည်းအဝေးတွင် ရွေးချယ်ခဲ့ပြီး အမေရိကန်၊ ကနေဒါနှင့်မက္ကဆီကိုတို့က ပူးတွဲကျင်းပခွင့်ရခဲ့သည်။
၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့်အတွက် အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ်၊ စပိန်၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ချီလီစသည့်နိုင်ငံများက အပြိုင်လျှောက်ထားဖွယ်ရှိနေသည်။