မက်ဆီသည် ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲတွင် ပြိုင်ပွဲတာဝန်ရှိသူများအား ဝေဖန်မှုကြောင့် (၃)လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရသဖြင့် ယခုရက်သတ္တပတ်အတွင်း ကစားခဲ့သည့် အာဂျင်တီးနားအသင်း၏ ခြေစမ်းပွဲစဉ်များကို လွဲချော်ခဲ့သည်။
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက အသင်းအဓိကကစားသမားများဖြစ်သည့် မက်ဆီနှင့် အဂွဲရိုးတို့မှာ လာမည့် နိုဝင်ဘာလအတွင်း ကစားမည့် အသင်း၏ခြေစမ်းပွဲများတွင် ပါဝင်ကစားမည်ဖြစ်ကြောင်း အ တည်ပြုပြောကြားခဲ့သည်။
မက်ဆီသည် ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲတွင် ပြိုင်ပွဲတာဝန်ရှိသူများအား ဝေဖန်မှုကြောင့် (၃)လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရသဖြင့် ယခုရက်သတ္တပတ်အတွင်း ကစားခဲ့သည့် အာဂျင်တီးနားအသင်း၏ ခြေစမ်းပွဲစဉ်များကို လွဲချော်ခဲ့သည်။

ထို့ပြင် အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် အဂွဲရိုးမှာလည်း ဒဏ်ရာပြဿနာကြောင့် ပါဝင်ခဲ့ခြင်း မရှိပေ။ စကာလိုနီက "ဂျာမနီ၊ အီကွေဒေါတို့ ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ မက်ဆီမပါတာ ပွဲပယ်ပြစ်ဒဏ်ကြောင့်ပါ။ အ ဂွဲရိုးကတော့ ဒဏ်ရာပြဿနာရှိနေလို့ ကျွန်တော် မရွေးခဲ့တာပါ။ နိုဝင်ဘာလအတွင်း ကစားမယ့်ပွဲစဉ်တွေမှာ သူတို့ပါမှာပါ" ဟု ဆိုခဲ့သည်။

အာဂျင်တီးနားအသင်းသည် နိုဝင်ဘာ (၁၅)ရက်တွင် ဘရာဇီးလ်၊ နိုဝင်ဘာ (၁၈)ရက်တွင် ပါရာဂွေးနှင့် ခြေစမ်းမည်ဖြစ်သည်။