ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့၌ ပြုလုပ်သည့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) အစည်းအဝေးတွင် အစိုးရများ၊ ပရဟိတလုပ်ငန်းလုပ်ကိုင်သူများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက ကမ္ဘာတစ်ဝန်းရှိ လူ ၁၆ သန်းကို ကယ်တင်နိုင်ရန်အတွက် ဒေါ်လာ ၁၄ ဘီလျံအထိရရှိရန် ရည်မှန်းထားကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ဘောလုံးလောကမှ ပူးပေါင်းပါဝင်ရန် စိတ်ကူးရခဲ့ခြင်းဖြစ်ကြောင်း အင်ဖန်တီနိုက ပြောကြားခဲ့သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် ရန်ပုံငွေရှာ ဖွေပေးမည်ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။
ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့၌ ပြုလုပ်သည့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) အစည်းအဝေးတွင် အစိုးရများ၊ ပရဟိတလုပ်ငန်းလုပ်ကိုင်သူများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက ကမ္ဘာတစ်ဝန်းရှိ လူ ၁၆ သန်းကို ကယ်တင်နိုင်ရန်အတွက် ဒေါ်လာ ၁၄ ဘီလျံအထိရရှိရန် ရည်မှန်းထားကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ဘောလုံးလောကမှ ပူးပေါင်းပါဝင်ရန် စိတ်ကူးရခဲ့ခြင်းဖြစ်ကြောင်း အင်ဖန်တီနိုက ပြောကြားခဲ့သည်။

"သမ္မတ မက်ခရွန်(ပြင်သစ်)က ၀ိုင်းဝန်းကူညီကြဖို့ တိုက်တွန်းတဲ့အချိန်မှာ ကျွန်တော် ချက်ချင်းပဲ အဖြေပေးလိုက်ပါတယ်။ FIFA နဲ့ ကမ္ဘာ့ဘောလုံး လောကဟာ ကောင်းမွန်တဲ့အကျိုးပြုလုပ်ငန်းတွေအတွက် အမြဲအသင့်ရှိနေပြီး ဒီလိုမျိုး ကမ္ဘာကြီးအတွက် အကျိုးရှိစေမယ့်အရာတွေလည်း လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီရောဂါဝေဒနာတွေကို တိုက်ဖျက်ရေးအတွက် ဂရုပြုမိစေဖို့နဲ့ ရန်ပုံငွေပိုမိုရရှိရေးအတွက် ဘောလုံးလောကရဲ့ အင်အားကို အသုံးချပြီးတော့ အတူတကွပူးပေါင်း လုပ်ဆောင်သွားမှာပါ။ လာမယ့်နှစ်မှာကျင်းပမယ့် မေဂျာဘောလုံးပြိုင်ပွဲမှာ အဲဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်သွားမှာပါ" ဟု အင်ဖန်တီနိုက ပြောကြားခဲ့သည်။
အဆိုပါ ရောဂါသုံးမျိုးကြောင့် တစ်နှစ်လျှင် သေဆုံးသူ သုံးသန်းအထိရှိပြီး ပြီးခဲ့သည့်နှစ်တွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံး သူ ၇၇၀၀၀၀၊ တီဘီရောဂါကြောင့် သေဆုံးသူ ၁ ဒသမ ၇ သန်းနှင့် ငှက်ဖျားရောဂါ ကြောင့် သေဆုံးသူ ၄၃၀၀၀၀ အထိရှိခဲ့ကြောင်း သိရသည်။