စင်ကာပူအတွက် စစ်မှုထမ်းရန် ပျက်ကွက်သူ ဘင်ဒေးဗစ် ထိုင်းနိုင်ငံကိုယ်စားပြု၍ ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားမည်

Photos: Getty Images
Photos: Getty Images
Published 6 October 2019

အသက် ၁၈ နှစ်သာရှိသေးသည့် ဘင်ဒေးဗစ်သည် ထိုင်းနိုင်ငံ ဖူးခက်မြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူမှာ ဗြိတိန်နိုင်ငံသားဖြစ်ကာ မိခင်ဖြစ်သူမှာ ထိုင်းနိုင်ငံသူဖြစ်ကြောင်း သိရသည်။ ၎င်းသည် ငါးနှစ် အရွယ်ကတည်းကစင်ကာပူနိုင်ငံ၌ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် လန်ဒန်သို့ ထပ်မံပြောင်းရွှေ့ခဲ့သောကြောင့် ဗြိတိန်၊ ထိုင်းနှင့် စင်ကာပူပတ်စ်ပို့သုံးခု ကိုင်ဆောင်ထားသည်။ 

စင်ကာပူနိုင်ငံအတွက် စစ်မှုထမ်းရန် ပျက်ကွက်မှုကြောင့် ထောင်ဒဏ်ကျခံရဖွယ်ရှိနေသည့် အင်္ဂလန်ကလပ် ဖူလ်ဟမ်အသင်း လူငယ်ကွင်းလယ်ကစားသမား ဘင်ဒေးဗစ်သည် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထိုင်း နိုင်ငံကိုယ်စားပြု၍ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ်သာရှိသေးသည့် ဘင်ဒေးဗစ်သည် ထိုင်းနိုင်ငံ ဖူးခက်မြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူမှာ ဗြိတိန်နိုင်ငံသားဖြစ်ကာ မိခင်ဖြစ်သူမှာ ထိုင်းနိုင်ငံသူဖြစ်ကြောင်း သိရသည်။ ၎င်းသည် ငါးနှစ် အရွယ်ကတည်းကစင်ကာပူနိုင်ငံ၌ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် လန်ဒန်သို့ ထပ်မံပြောင်းရွှေ့ခဲ့သောကြောင့် ဗြိတိန်၊ ထိုင်းနှင့် စင်ကာပူပတ်စ်ပို့သုံးခု ကိုင်ဆောင်ထားသည်။ 

ဘင်ဒေးဗစ်သည် စင်ကာပူ ယူ-၁၆ နှင့် ယူ-၁၉ အသင်းအတွက် ကစားဖူးပြီး စစ်မှုထမ်းရန် ပျက်ကွက်မှုကြောင့် ထောင်ဒဏ်သုံးနှစ်ကျခံရဖွယ်ရှိနေသော်လည်း ထိုင်း ယူ-၂၂ အသင်းက ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် ပဏာမစာရင်းတွင်၎င်းကိုထည့်သွင်းရွေးချယ်ထားခြင်းဖြစ်သည်။

Most Read

Most Recent