စပါးအသင်းတိုက်စစ်ကစားသမား ဆွန်ဟောင်မင်၏ အေးဂျင့်ဖြစ်သူ ဘီလစ်မီစတာက ဆွန်ဟောင်မင်အနေဖြင့် အနာဂတ်တွင် နာပိုလီအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
စပါးအသင်းတိုက်စစ်ကစားသမား ဆွန်ဟောင်မင်၏ အေးဂျင့်ဖြစ်သူ ဘီလစ်မီစတာက ဆွန်ဟောင်မင်အနေဖြင့် အနာဂတ်တွင် နာပိုလီအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
ဆွန်ဟောင်မင်သည် ယခုရာသီတွင် စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၃)ဂိုးသွင်းထားပြီး အသင်းတွင် ပျော်ရွှင်နေသော်လည်း အနာဂတ်တွင် ဘာမဆိုဖြစ်နိုင်ကြောင်း ဘီလစ်မီစတာက ဆိုခဲ့ခြင်းဖြစ်သည်။
ဘီလစ်မီစတာက "ဘောလုံးသမားတွေကို နာပိုလီကိုတော့ ကျွန်တော် မပို့ဖူးပါဘူး။ ဒါပေမဲ့ ကျွန်တော် အရမ်းနှစ်သက်တဲ့ မာရာဒိုနာက နာပိုလီအသင်းမှာ ကစားခဲ့တာကြောင့် ကစားသမားတွေကို နာပိုလီအသင်းသို့ ကျွန်တော် ပို့ချင်ပါတယ်။ ဆွန်ဟောင်မင် နာပိုလီကို ရောက်နိုင်သလားဆိုရင်တော့ ရောက်နိုင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဆွန်ဟောင်မင်က အီတလီကို ချစ်တယ်။ အီတလီအစားအသောက်နဲ့ အီတလီလူမျိုးတွေကိုလည်း ချစ်တယ်။ ဆွန်ဟောင်မင်ကို စပါးအသင်းကနေ ခေါ်ယူနိုင်ဖို့ဆိုတာ မလွယ်ပေမယ့် အနာဂတ်မှာ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ"ဟု ပြောကြားခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် ၂၀၁၅ ခုနှစ်တွင် လေဗာကူဆင်အသင်းမှ စပါးအသင်းသို့ ပေါင် (၂၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။
ဆွန်ဟောင်မင်သည် စပါးအသင်းအတွက် (၅)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၉၇)ပွဲတွင် ဂိုး(၇၀) သွင်းယူထားပြီး ခြေစွမ်းပြကစားနေသူလည်း ဖြစ်သည်။
နာပိုလီအသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် တိုက်စစ်ကစားသမား မာတင်စ်၏နေရာတွင် ဆွန်ဟောင်မင်ဖြင့် အစားထိုးရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။















